ကော့ကရိတ်မြို့အနီး အစိုးရတပ်နှင့် ဒီကေဘီအေ တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်


အစိုးရတပ်မတော်နှင့် ဒီကေဘီအေတို့ ကော့ကရိတ်မြို့ နယ်အနီးတွင် တပ်ချင်းဆိုင်ထား ပြီး တစ်ကျော့ပြန် စစ်ဖြစ်မည်ကို ဒေသခံများ စိုးရိမ်ထိတ်လန့်နေ ကြကြောင်း သတင်းရရှိသည်။

ကော့ကရိတ်မြို့ ကြောင်ရှာ ကုန်းရွာတွင် အစိုးရတပ်မတော် စကခ (၁၂) လက်အောက်ခံ ခလရ (၂၃၁) က မတ်လ ၁၀ နံနက်မှစတင်ကာ တပ်စွဲထားပြီး ထိုရွာနှင့် ကိုက်တစ်ထောင်ခန့်အကွာ ရွာသစ်၌ ၎င်းတို့ တပ်စွဲ ထားကြောင်းဒီကေဘီအေမှ စောဆန်းအောင်က ပြောသည်။

စောဆန်းအောင်အား ဒီကေ ဘီအေခေါင်းဆောင်ပိုင်းက ထုတ် ပယ်ထားသော်လည်း ဒီကေဘီ အေ တပ်မ ဟာမှူး ဗိုလ်မှူးချုပ် စောကျော်သက်က မတ်လ ၇ ရက်က မူလရာထူးဖြစ်သော ဗိုလ် မှူးကြီးရာထူးဖြင့် ပြန်ခန့် ခဲ့ခြင်း ဖြစ်သည်။

‘‘တပ်ချင်းဆိုင်နေတယ်။ သူ လည်း နေရာယူထား၊ ကျွန်တော် တို့လည်း နေရာယူထားတဲ့ အနေ အထားရှိ တယ်’’ ဟု စောဆန်း အောင်က ပြောသည်။ ဗိုလ်မှူး ချုပ်စောကျော်သက်ကလည်း ဒီ ကေဘီအေတပ်ဖွဲ့ ၀င်များအနေ ဖြင့် မိမိတို့ လှုပ်ရှားရာ နယ်မြေ တွင်သာ နေထိုင်ပြီး တစ်ဖက်မှ ကျူးကျော်လာမှသာ ပစ်ခတ် ရန် ညွှန်ကြားထားကြောင်း စောဆန်း အောင်က ဆိုသည်။

စောဆန်းအောင်အဖွဲ့သည် ဖေဖော်ဝါရီလကုန်ပိုင်းတွင် အစိုး ရတပ်မတော်နှင့် တိုက်ပွဲများဖြစ်ခဲ့ပြီးနောက် ကော့ကရိတ်မြို့နယ်ရှိ ဒီကေဘီအေတပ်မဟာမှူး ဗိုလ် မှူးစောကျော်သက်၏ နယ်မြေအ တွင်း ၀င်ရောက် သွားခြင်းဖြစ် ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့ မှ ရဲမှူးတစ်ဦးက ပြောသည်။

အစိုးရတပ်မတော်ကလည်း ၎င်းကို ဖမ်းနိုင်ရေး ကော့ကရိတ်အနီးပတ်ဝန်းကျင် ဒေသများတွင် တပ်စွဲလိုက် ပြီးနောက် စောကျော်သက်က စောဆန်းအောင်ကို ဒီကေဘီအေတပ်ဖွဲ့ဝင်အဖြစ် လက်ခံပြီးသည့် နောက် ပိုင်းတွင် နှစ်ဖက်တင်းမာမှုများ ဖြစ်ပွားခြင်းဖြစ်ကြောင်း အဆိုပါ ရဲမှူးက ရှင်းပြသည်။

မတ်လ ၁၀ ရက် နံနက်က ဒီကေဘီအေ ကလို့ထူးဝါးတပ် ရင်း(၉၀၇)နယ်မြေသို့ တပ်မတော် သားအချို့ ၀င်ရောက်လာသော ကြောင့် ဗိုလ်မှူးချူပ် စောကျော် သက်၏ လက်အောက်ခံ တပ်ဖွဲ့ ၀င်အချို့က ပစ်ခတ်မှု များ ပြုလုပ် ခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိတင်းမာမှုများ ဖြစ် ပွားနေသည့် ကြောင်ရှာကုန်းရွာ၊ ရွာသစ်ရွာနှင့် ကော့မှူးနုတ်ရွာ ဒေသခံများမှာ အစိုးရတပ်မတော် နှင့် ဒီကေဘီအေတိုက်ပွဲဖြစ်ပွား မည်ကို စိုးရိမ်နေကြကြောင်း ဒေ သခံတစ်ဦးဖြစ်သူ ကိုစောကျော် က ပြောသည်။

‘‘သူတို့တိုက်ပွဲဖြစ်ရင် ရွာ တွေထဲဝင်ပြီး တပ်စွဲတယ်။ သူတို့ သွားမယ့်နေရာတွေကို ရွာသား တွေကို လမ်းပြ ခိုင်းတယ်။ အစား အသောက်အတွက် စီစဉ်ခိုင်း တယ်။ တိုက်ပွဲဖြစ်လာရင်တော့ ရှောင်ရတော့မှာပဲ’’ ဟု ကိုစော ကျော်က ပြောသည်။

ယခုဖြစ်စဉ်တွင် စောဆန်း အောင်မှာ ဒီကေဘီအေတပ်မဟာ မှူး ဗိုလ်မှူးချုပ် စောကျော်သက် ထံတွင် ရောက်နေခြင်းဖြစ်ပြီး ၎င်း ကို တပ်ဖွဲ့ဝင်အဖြစ် ဒီကေဘီအေ ခေါင်းဆောင်ပိုင်းက လက်မခံ သေးသော
ကြောင့် စောဆန်း အောင်ကို ဖမ်းဆီးရန် အစိုးရ တပ်က တပ်စွဲထားခြင်းဖြစ် ကြောင်း ဒီကေဘီအေကလို့ ထူးသော စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ တပ်မတော်နှင့် ဒီကေဘီအေ တင်းမာခြင်း မဟုတ်ကြောင်း ၎င်းက ဆိုသည်။

ကရင်ပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရှိပြီး ပြဿနာဖြစ်ပွားလေ့ရှိသည်။

အောင်သစ်လွင် - 7day

မှတ်ချက်များ