ဘောလုံးပွဲလက်မှတ် ဈေးနှုန်းများနှင့်ပတ်သက်၍ ပရိသတ်များက ပရီးမီးယားလိဂ် ဘောလုံးအသင်း အမှုဆောင်အရာရှိများအစည်းအဝေးပြင်ပတွင် ဆန္ဒပြသွားမည်ဖြစ်သည်။
လန်ဒန်မြို့လယ်ရှိ ဟိုတယ်တစ်ခုတွင် ကျင်းပမည့် ယင်းအစည်းအဝေးပွဲ၌ ပရီးမီးယားလိဂ် အမှုဆောင်အရာ ရှိချုပ်ရစ်ချက် စကူဒါမိုးရ်က သက်ဆိုင်သူများထံသို့ စာတစ်စောင် တင်ပြသွားမည်ဖြစ်သည်။
ပရိသတ်များ တောင်းဆိုနေသော အခြားအချက်များတွင် ပရီး မီးယားလိဂ်အသင်းတိုင်း အဝေးကွင်းပရိသတ် များအတွက် လက် မှတ်ဈေးနှုန်းများ ဝေမျှကျခံပေးရေး တစ်ရာသီလျှင် ပေါင်တစ်သန်းချန်ထားရန် အချက် လည်း ပါဝင်သည်။
ယင်းကဲ့သို့ ချန်ထားသော ပေါင်တစ်သန်းကို အသုံးပြုပုံနှင့် ပတ်သက်၍ အသင်းတိုင်းမှ ပရိ သတ်များနှင့် တိုင်ပင်ညှိနှိုင်းရန်၊လာရောက်ယှဉ်ပြိုင်သည့် အသင်းအလိုက် လက်မှတ်ဈေးနှုန်း ပြောင်းလဲသတ်မှတ်
ခြင်းနှင့် အဝေးကွင်းပရိသတ်ကို မကောင်းသော နေရာထိုင်ခင်းများ ပေးအပ်မှုကို ပြန်လည်နေရာချ ထားပေးရန် အချက်တို့ပါဝင်သည်။
7 Day
7 Day



မှတ်ချက်များ