ခေါင်းကို ပုဆိန်နဲ့ခုတ်ပြီး ဦးနှောက်ဖောက်စားခဲ့တဲ့ အမျိုးသမီး
ဇင်ဘာဘွေနိုင်ငံ၊ ဂုတုခရိုင်၊ တောလမ်းတစ်နေရာတွင် သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ ဦးခေါင်းပြတ်ခန္ဓာကိုယ် ကြီးနံဘေး ဦးခေါင်းခွံကို ဖောက်စားနေတဲ့ အမျိုး သမီးတစ်ဦးကို ရွာနီးချုပ် မူပန်ဒါဝါနာရွာက နွားကျောင်း သား လူငယ်တစ်ဦး တွေ့ရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်များထံ သွားရောက်သတင်းပေးခဲ့ရာမှ ယင်းအမျိုး သမီးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရပါတယ်။
ခရိုင်ရဲတပ်ဖွဲ့ဝင်များ၏ စုံစမ်းဆေးချက်အရ အန်စ်သာ ကန်တန်ဝ အမည်ရှိ ယင်းအမျိုးသမီးက သူမစိုက် ပျိုးထားတဲ့ သစ်ပင်ကိုခုတ်ထစ်နေတဲ့ အမည်မသိအမျိုးသား တစ်ဦးကို တွေ့ရှိသွားတဲ့အတွက် ဒေါသတ ကြီးဖြင့် ထိုအမျိုး သားထံသွား ရောက်ပြီး သူရဲ့လက်ထဲမှ ပုဆိန်ကိုအတင်းတိုက်ခိုက်လုယူခဲ့ ကာ အမျိုးသား ရဲ့ဦးခေါင်းကိုခုတ်ထစ်လိုက်ခဲ့တယ်လို့ ဝန်ခံခဲ့တယ်လို့သိရ ပါတယ်။
ထို့နောက် ပြတ်သွားတဲ့ ဦးခေါင်းထဲက ဦးနှောက်တချို့ကိုလည်း ဖောက်စား နေခဲ့တယ်လို့ လည်းထွက် ဆိုခဲ့ပါတယ်။ ထိုသို့ စားသောက်နေတာကို ရွာခံ လူအများအပြားက တွေ့ရှိသွားခဲ့ကာ တားမြစ်ခဲ့ကြသော် လည်း တားမရဖြစ်ကာ ဆက်လက်စားသုံးနေဆဲဖြစ်တာကြောင့် သက်ဆိုင်ရာသို့ အကြောင်း ကြားတိုင် တန်း ဖမ်းဆီးခိုင်းခဲ့ရတာပဲဖြစ်ပါတယ်။
ဖိုးသူတော်


မှတ်ချက်များ