အဲ့သလောက်တောင် ပွင့်လင်းရသလား ကင်မ်ကာဒါရှီယန် ရယ်
ညို့ချက်ပြင်းတဲ့ ကောက်ကြောင်းတွေကြောင့် ပုရိသအမျိုးသားတွေ ကို အပြင်းထန်ဆုံး စွဲဆောင်မှုကို ဖြစ်စေခဲ့တဲ့ အမေရိကန်နာမည်ကျော်မော်ဒယ် ကင်မ် ကာဒါရှီယန်တစ် ယောက်ကတော့ ယခု ရက်သတ္တ ပတ်အတွင်းမှာပဲ ဟာခနဲ ဟင်ခနဲဖြစ်စေခဲ့တဲ့အ ကြောင်း အရာတစ်ခုကို ဖွင့်ဟသွားပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်ကမှ ဖက်ရှင်ပြပွဲတစ်ခုကို သူမ တစ်ခါမှမ လုပ်ဖူးသေးတဲ့ပုံ စံဖြစ်တဲ့ တစ်ခေါင်း လုံးငွေရောင်ဆိုးထားတဲ့ ဆံပင်အတိုနဲ့ ရှေ့ထွက်လာခဲ့တာကြောင့် အမြင်ဆန်းစေခဲ့ကာ ပရိတ်သတ်တွေ အကြား သူမနဲ့ ပတ်သက်တဲ့တီးတိုးအကြောင်းအ ရာတစ်ခုရသွားပြီး သိပ်မကြာခင်မှာပဲ နောက်ထပ် ဒီလိုအံ့သြစရာတစ်ခုကို ထပ်ဖြစ် သွားစေခဲ့တာပဲ ဖြစ်ပါတယ်။
သူမအတွက် ယခုရက်ပိုင်းအတွင်း ခက်ခက်ခဲခဲဆုံးဖြတ်ချက် နှစ်ခုချလိုက်ရတဲ့ တစ် ခေါင်းလုံးငွေရောင်ဆံ ပင်ဆိုးခြင်းနဲ့ ၂၀ လသားအရွယ် သမီးငယ်လေးအတွက် မွေးချင်း အဖော် တစ်ယောက်ဖန်တီးပေးဖို့ပဲ လို့ ဆိုပါတယ်။
နောက်ထပ် ကလေးတစ်ယောက်ထပ်ယူဖို့နဲ့ ပတ်သက်ပြီးတော့ သူမအနေနဲ့ အမျိုးသား ကန်ရီး ဝက်စ်နဲ့ တစ်ရက်အကြိမ်ပေါင်း ၅၀၀ အတူနေကာကြိုးစားနေခဲ့ကြောင်းကို ညီမဖြစ်သူ ကာလိုကာ ဒါရှီယန်ကို မကွယ်ဝှက် မဖုံးကွယ်စတမ်း ဖွင့်ဟပြောလိုက် ရာ ကနေ ညီမဖြစ်သူတောင် ဟင်ခနဲ ဟာခနဲဖြစ်သွားခဲ့ရ တယ်လို့ မီဒီယာတွေကရေး သားထားတာကို တွေ့ရပါတယ်။
ဖိုးသူတော်








မှတ်ချက်များ