ရင်သားတွေ ကြီးမားလာစေဖို့အတွက် ခွဲစိတ်မှု ပြုလုပ်ခဲ့တယ်လို့ Iggy Azalea ထုတ်ဖော် ပြောဆို


သြဇီရပ်ပါ ကောင်မလေး Iggy Azalea ဟာ မနှစ်က သူမရဲ့ ရင်သားတွေ ကြီးမားလာစေဖို့အတွက် ခွဲစိတ် မှု ပြုလုပ်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Iggy က Vogue မဂ္ဂဇင်းနဲ့ တွေ့ဆုံတဲ့အခါမှာ သူမဟာ ခွဲစိတ်မှုကို ဆုံးဖြတ်ချက်ချခဲ့ရတဲ့ အကြောင်းအရင်း ကတော့ သူမရဲ့ ရင်သားတွေ ကြီးလာစေဖို့ကို သူမ အမြဲတမ်း တွေးနေခဲ့လို့ပဲဖြစ်တယ်လို့ ဖြေကြားခဲ့ပါ တယ်။

သူမကို Vogue မဂ္ဂဇင်း က ခန္ဓာကိုယ် ပိုင်းဆိုင်ရာ အနည်းငယ် ပြောင်းလဲထားတာ ရှိပါသလားဆိုတဲ့ မေး ခွန်းအတွက် Iggy Azalea က လွန်ခဲ့တဲ့ ၄ လ ခန့်က သူမရဲ့ ရင်သားတွေကို ပိုမိုကြီးမားလာအောင် ပြောင်းလဲခဲ့တယ်လို့ ပြန်ဖြေခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ Iggy Azalea က သူမဟာ စင်ပေါ်တက်ပြီးဖျော်ဖြေတိုင်း သူမရဲ့ ရင်သားတွေကို မကြီးကြီးအောင် ဖော်ပြနေရတဲ့ အ၀တ်အစားတွေကို မ၀တ်ချင်တော့ဘူးလို့လည်း ဆိုပါ တယ်။

ဒါ့အပြင် လက်ရှိမှာ Laker ဘတ်စကတ် ဘောအသင်းကဘတ်စကတ်ဘောကစားသမား Nick Young နဲ့တွဲနေတဲ့ Iggy Azalea က သူမ မအောင်မြင်ခင်တုန်းက မော်ဒယ်လ် လုပ်ဖို့အတွက် ကြိုးစားခဲ့ဖူးတယ် လို့လည်းဆိုပါတယ်။

“ကျွန်မဟာ မော်ဒယ်လ် အေဂျင်စီအချို့ဆီ သွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ကျွန်မရဲ့ ခန္ဓာကိုယ်ကို တိုင်းတာခဲ့ပြီးတဲ့နောက်မှာသူတို့ ကျွန်မကို သဘောမကျတော့ပါဘူး” လို့ ပြောခဲ့တဲ့ Iggy Azalea က သူမရဲ့ ရင်သားခွဲစိတ်မှုနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားလိုစိတ်လည်း မရှိဘူးလို့ ဆိုပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ