တစ်နေ့ကို အရက် ၃ ခွက်ခန့် သောက်သုံးခြင်းဟာ အသည်းကင်ဆာ ဖြစ်ပွားနိုင်ဖို့ လမ်းစ တစ်ခုဖြစ်


တစ်နေ့ကိုအရက် ၃ ခွက်ခန့် သောက်သုံးခြင်းဟာ အသည်းကင်ဆာ ဖြစ်ပွားနိုင်ဖို့ လမ်းစတစ်ခုဖြစ်နေ တယ်လို့ ကမ္ဘာလုံးဆိုင်ရာသုတေသန မှတ်တမ်းတွေအရ သိရပါတယ်။

အရက်တစ်ခွက်မှာ ယမကာ ပါဝင်မှု ၁၀ ဂရမ်ခန့်ရှိနေသလိုထို ၁၀ ဂရမ်တိုင်းဟာအသည်းကင်ဆာ ဖြစ် ပွားနိုင်ဖို့အတွက် ၄ ရာခိုင်နှုန်း သေချာနေတယ်လို့ ကမ္ဘာ့ကင်ဆာသုတေသနအဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် တစ်နေ့ကို ၃ ခွက် နဲ့ အထက်သောက်သုံးခြင်းဟာ အသည်းကင်ဆာရောဂါ ဖြစ်ပွားစေဖို့ အတွက် ၁၀ ရာခိုင်နှုန်းကျော် သေချာသွားစေနိုင်ပါတယ်။

ကမ္ဘာ့ကင်ဆာသုတေသနအဖွဲ့က အသည်းကင်ဆာရောဂါဖြစ်ပွားနေတဲ့ လူဦးရေ ၂၄၅၀၀ ခန့်ပါဝင်တဲ့ လူဦးရေ ၈.၂ သန်းခန့်ကို စစ်ဆေးမှု ၃၄ ခုခန့်ြ့ပုလုပ်ပြီး ထိုမှတ်တမ်းတွေကို သိရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့ကင်ဆာသုတေသနအဖွဲ့က အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို အရက် ၁ ခွက်ခန့်သာ သောက်သုံးသင့်ပြီး အမျိုးသားတွေအနေနဲ့ တစ်နေ့ကိုအရက် ၂ ခွက်ခန့်သာသောက်သုံးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ