ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ


ဝမ်းနည်းကြေကွဲနေတဲ့ မိသားစုဝင်တွေဟာ သူတို့ရဲ့ အသက်ကြီးနေပြီဖြစ်တဲ့ အမျိုးတစ်ယောက်ရဲ့ အသုဘ အခမ်းအနားကို တက်ရောက်နေစဉ်မှာ သူတို့ရဲ့ သေဆုံးသွားပြီဆိုတဲ့ အမျိုးဟာ အသက်ရှင်နေတာကို သိခဲ့ ရပါတယ်။

တစ်နယ်တစ်ကျေးကို ရောက်ရှိနေတဲ့ ဆွေးမျိုးသားချင်းတွေဟာ သူတို့ရဲ့ မိခင်ဖြစ်သူကြီးတစ်ယောက် ဆေးရုံတက်ပြီး ရက်အနည်းငယ်အကြာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သတင်းတွေကြားခဲ့ရပါတယ်။

ဘရာဇီးလ်နိုင်ငံ Sao Jose dos Campso မြို့မှာနေထိုင်တဲ့ Maria Aparecidaဆိုသူ အမျိုးသမီးရဲ့ သားသ မီးတွေဟာ သတင်းကြားကြားချင်းပဲ သူတို့မိခင်ရဲ့ ဈာပနအခမ်းအနားအတွက် ပြင်ဆင်ပြီး သုသာန်စောင့် ကိုလည်း ခေါင်းတလား မြှပ်ဖို့အတွက် စီစဉ်ခိုင်းထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဈာပနအခမ်းအနား ကျင်းပတဲ့ ရက်ရောက်တော့မှ မြေမြှပ်တော့မယ့် ခေါင်းတလားထဲက သေဆုံးသူဟာ သူတို့ရဲ့ မိခင် မဟုတ်ကြောင်း သိရှိသွားခဲ့ပြီး ဆေးရုံသို့ အမြန်သွားကြည့်တော့မှ သူတို့ရဲ့ မိခင်ဟာ ကျန်းကျန်းမာမာနဲ့ အခြားလူနာတွေကို စကားပြောနေတာ တွေ့လိုက်ကြရပါတယ်။

Maria Aparecidaရဲ့ သားတစ်ယောက်ဖြစ်တဲ့ အသက် ၅၁ နှစ်အရွယ် FlavioCorreia da Silva ရဲ့ ပြော ကြားချက်အရတော့ ဆေးရုံမှ အကြောင်းကြားတဲ့အဖွဲ့ဟာ မှားယွင်းစွာ အကြောင်းကြားခဲ့တာဖြစ်ပြီး တစ် နယ်တစ်ကျေးမှာနေထိုင်တဲ့ မိသားစု ၀င်တွေဟာ သူတို့မိခင် သေဆုံးပြီလို့ကြားရတဲ့အတွက် ဈာပန အခမ်း အနားအမီ ပြန်လာခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုကဲ့သို့ သားသမီးတွေ ဆေးရုံသို့ ရောက်ရှိလာချိန်မှာတော့ ကျန်းကျန်းမာမာရှိနေတဲ့ မိခင်က သူ့ဆီ မလာ တာကြာပြီနော် လို့ သူမရဲ့ သားသမီးတွေကို ပြောခဲ့ပါသတဲ့။

Mario - Trend Myanmar

မှတ်ချက်များ