Wonder Womanအဖြစ် သရုပ်ဆောင်မယ့် Gal Gadot ဟာ သူမရဲ့ သေးငယ်တဲ့ ရင်သားတွေကြောင့် ဝေဖန်ခံနေရ
ဒါရိုက်တာ Zack Snyder ရိုက်ကူး ပုံဖော်ထားပြီး မကြာခင်မှာ ထွက်ရှိလာတော့မယ့် “Batman Vs Superman: Dawn of Justice” ဆိုတဲ့ ဇာတ်လမ်းမှာ Wonder Woman အဖြစ် ပါဝင်သရုပ်ဆောင်မယ့် အစ္စရေး သရုပ်ဆောင်မလေး Gal Gadotကို ပရိတ်သတ်တွေက ရင်သားသေးငယ်တဲ့အတွက် Wonder Woman ဇာတ်ကောင်နေရာနဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်နေကြပါတယ်။
ထိုဝေဖန်မှုတွေအတွက် အသက် ၂၉ နှစ်အရွယ် Gal Gadot က “ ကျွန်မကို မုန်းနေတဲ့သူတွေက ကျွန်မ ဟာ အရမ်းပိန်ပြီး ကျွန်မရဲ့ ရင်သားတွေဟာ သေးငယ်တယ်လို့ ပြောကြပါတယ်။ ကျွန်မရဲ့ ဦးခေါင်းက အ ရမ်းကြီးနေပြီး ကျွန်မရဲ့ ကိုယ်လုံးက တုတ်ချောင်းလောက်ပဲ ရှိတယ်လို့လည်း ပြောကြပါတယ်။ ဒါတွေဟာ အဓိပ္ပာယ် မရှိပါဘူး။ ကျွန်မ သရုပ်ဆောင်ရမယ့် အပိုင်းတွေကို ကျွန်မ နားလည်ပါတယ်” လို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
မနှစ်က နွေရာသီမှာတုန်းက Comic Con မှာ ဒါရိုက်တာဖြစ်သူ Snyder က Gal Gadotကို Wonder Woman ၀တ်စုံ ၀တ်ဆင်စေပြီး ပရိသတ်တွေကို ပြသခဲ့ပါသေးတယ်။ အသစ်ထွက်ရှိလာမယ့် “Batman Vs Superman” ဇာတ်လမ်းထဲမှာတော့ Batman အဖြစ် Ben Affleck က သရုပ်ဆောင်မှာဖြစ်ပြီး Superman အဖြစ် Henry Cavill က သရုပ်ဆောင်ထားသလို Amy Adams ၊ Diane Lane ၊ Laurence Fishburneနဲ့ Jeremy Irons တို့ကလည်း ပါဝင် သရုပ်ဆောင်ပေးထားပါတယ်။
ထိုဇာတ်လမ်းဟာ ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ စတင် ရုံတင်ပြသမယ်လို့ သိရပါတယ်။
Mario - Trend Myanmar


မှတ်ချက်များ