RBE ရထားများ သင်္ကြန်ရက်များအတွင်း ရပ်နားထားမည်
သင်္ကြန်ရက်များအတွင်းRBE အဲကွန်းအထူးရထားလေး စီးပြေးဆွဲမှု ရပ်နားမည် ဖြစ် ကြောင်း မြန်မာ့မီးရ ထားမှ သတင်းရရှိသည်။
နေ့စဉ်ပြေးဆွဲလျက်ရှိသော RBE အဲကွန်းအထူးရထားလေး စီးသည် သင်္ကြန်ကာလပြေးဆွဲ မည်မဟုတ်ဘဲ သင်္ကြန်အကျနေ့မှ အတက်နေ့အထိ သုံးရက်တိုင် ရပ်နားထားမည်ဟု မြန်မာ့မီးရထားမှ အကြီးတန်းအရာ ရှိတစ်ဦးက ဆိုသည်။
‘‘သင်္ကြန်တွင်းမှာ အဲကွန်း အထူးရထားတွေအကုန်လုံးရပ် နားမယ်။ အဲကွန်းရထားတွေမှာပါ တဲ့ ထိုင်ခုံတွေ ကလည်း ရေစိုလို့ မရဘူး။ ရေထိရင် အကုန်ပျက်စီး နိုင်တယ်။ သင်္ကြန်ရက်မှာ ရထား စီးတဲ့ ခရီးသည်တွေ ကလည်း နည်းတယ်’’ဟု ၎င်းက ပြောသည်။သို့သော် သင်္ကြန်ကာလအ တွင်း အဲကွန်းရထားများအား လုံး ရပ်နားမည်ဖြစ်သော်လည်း ရိုးရိုးမြို့ပတ်ရထားများ အစီးရေထက်ဝက်ပြေးဆွဲမည်ဖြစ်ပြီး သင်္ကြန်ကာလအ တွင်း လက်မှတ်ခနှုန်းထားများ ပိုမိုပေးဆောင်ရပါက သက်ဆိုင်ရာဘူတာများ၏ တာဝန်မှူးများသို့ တိုင်ကြားနိုင်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
‘‘သင်္ကြန်ရက်တွေပါ အဲကွန်း အထူးရထားတွေ ပြေးဆွဲပေးမယ် ဆိုရင် ပိုအဆင်ပြေမှာပါ။ လိုင်း ကားတွေက နှစ်တိုင်းသင်္ကြန်ရက် ဆိုရင် ကားခ နှစ်ဆပေးရတယ်။ ရထားစီးရင်တော့ ဈေးပိုပေးရတာ မကြုံဖူးသေးဘူး’’ ဟု လှိုင်မြို့နယ် နေ ကိုဇေယျာဖြိုးဇော်က ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော မြို့ပတ်ရိုးရိုး ရထားအစီးရေ ၂၀၅ စီးရှိပြီး RBE အဲကွန်းအ ထူးရထား လေးစီး ဖြင့် နံနက် ၄နာရီမှ ည ၉နာရီအတွင်း ပြေးဆွဲလျက်ရှိသည်။
RBE အဲကွန်းအထူးရထား လက်မှတ်ခဈေးနှုန်းထားများမှာ ပြည်တွင်းနှင့် ပြည်ပခရီးသည်များ အား ၃၀၀ ကျပ်သာ ကောက်ခံ လျက်ရှိသည်။
ဖြူဖွေးသန့် - 7day

မှတ်ချက်များ