ကျန်းမာရေး ပြသနာတွေ ရှိနေတဲ့အတွက် သီချင်းအသစ်တွေ ထွက်နိုင်ဦးမှာ မဟုတ်ဘူးလို့ Avril Lavinge ဆို


ပန့်ခ်အဆိုတော်မလေး Avril Lavinge က သူမအနေနဲ့ ကျန်းမာရေး ပြသနာတွေ ရှိနေတဲ့အတွက် သီချင်း အသစ်တွေထွက် နိုင်ဦးမှာ မဟုတ်ဘူးလို့ သူမရဲ့ဝက်ဘ်ဆိုက် တစ်ခုမှာ ပြောခဲ့ပါတယ်။ ဘာရောဂါဖြစ် ပွားနေတယ် ဆိုတာကိုတော့ အစပိုင်းက မပြောပြခဲ့ပါဘူး။

ဒါပေမယ့် ကနေဒီယန် ပန့်ခ် အဆိုတော်မလေးဟာ People မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ သူမရဲ့ ကျန်းမာရေး အခြေအနေတွေကို ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ သူမဟာ ၂၀၁၄ ခုနှစ် ဆောင်းရာသီမှာတုန်းက အင်းဆက် ဘက်တီးရီးယား တစ်ကောင် အကိုက်ခံရမှုကြောင့် ကူးစက်ရောဂါ တစ်ခုဖြစ်ပွားနေပြီး အဲဒီရော ဂါက သူမကို လပေါင်းများစွာ အိပ်ရာထဲလဲနေစေခဲ့တယ်လို့ သိရပါတယ်။

“ကျွန်မအခြေအနေကို ကျွန်မကြောက်လန့် နေခဲ့ရပါတယ်။ ကျွန်မအသက်ရှုလို့ မရတော့သလို ခံစားရ တယ်။ကျွန်မ မလှုပ်နိုင်ခဲ့ဘူး။ ကျွန်မသေနေသလို ခံစားခဲ့ရတယ်” လို့ Avril Lavinge က ဆိုပါတယ်။

အစပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ Avril Lavinge နဲ့ သူမရဲ့ ယောကျာင်္းဖြစ်တဲ့ Nickelback အဖွဲ့ရဲ့ အဆိုတော် Chad Kroeger တို့ဟာ ကလေးယူဖို့ကြိုးစားနေတယ် ဆိုပေမယ့်လည်း သူမရဲ့ကျန်း မာရေး အခြေအနေအရ ကောလာဟလသာ ဖြစ်ခဲ့ရပါတယ်။ Chad Kroeger ဟာ နယ်လှည့်ဖျော်ဖြေ ပွဲတွေကို သူ့ရဲ့တီးဝိုင်းနဲ့အတူ လိုက်ပါသွားခြင်းမရှိပဲ အိမ်မှာ Avril Lavinge ကို ကူညီဖို့အတွက် Avril Lavinge ရဲ့ မိခင်ဖြစ်သူနဲ့အတူ ကျန်နေခဲ့တယ်လို့ သိရပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ