အနုပညာမျိုးရိုး မရှိတဲ့အတွက် ဒီအလုပ်နဲ့ပတ်သက်ပြီး အိမ်က သဘောမတူဘူးလို့ ကားရိုက်တွေဆို သိပ်လက်မခံဖြစ်ဘူးလို့ပြောလာတဲ့ သက်သခင်ကို လတ်တလော အနုပညာလှုပ်ရှားမှုများနဲ့ ၂၀၁၅ သင်္ကြန်အကြောင်းကို မေးမြန်းဖြစ်တဲ့အခါ
"လတ်တလောက သက်သခင် ဓာတ်ပုံတွေ ရိုက်နေတယ်။ နယ်တွေမှာ သီချင်းတွေဆို ဖြစ်နေပါတယ်။ သင်္ကြန်ကတော့ သက်သခင် မန္တလေး ရတနာပုံ ကုမ္ပဏီကလုပ်တဲ့ မဏ္ဍပ်မှာ ရှိနေမှာပါ။ သင်္ကြန်မှာ မြန် မာအကလဲ ကမယ်။ သီချင်းလဲဆိုဖို့စီစဉ်ထားပါတယ်။ သင်္ကြန်သီချင်းကတော့ ညီမမြူးမြူးလေးတွေ ဆိုဖြစ် မယ်။ သင်္ကြန်မဏ္ဍပ်မှာက ဆိုမဲ့ သူတွေလဲများတော့ သူတို့နဲ့မထပ်အောင် သီချင်းကို သေချာလေးရွေးနေပါ တယ်။ သင်္ကြန်နဲ့ပတ်သက်ပြီး အမှတ်တရဆို ဒီအနုပညာ အလုပ်လုပ်မှ သင်္ကြန်ကို သက်သခင် အပြင် ထွက်ရတာပါ။ သက်သခင် သင်္ကြန်ရေစိုတာလဲ မကြိုက်ဘူး။
အိမ်ရောက်ရင် ပူပူလောင်လောင်ကြီးနဲ့ခေါင်းတွေပြန်လျှော်ရတာကိုလည်း မကြိုက်ဘူး။ ဒါပေမဲ့ သင်္ကြန်က တစ်နှစ်မှ တစ်ခါကျရတဲ့အတွက် သူများတွေ ပျော်နေတာမြင်ရင် ကိုယ်ပါအပျော်တွေကူးစက်ပြီး လိုက်ပျော်မိ ပါတယ်။ သင်္ကြန်မှာ သက်သခင် ၀တ်ဖို့အတွက် ၀တ်စုံတွေကို မပုံ့ ( my Favourite ) ကို စီစဉ်ခိုင်းထားပါ တယ်။ ကဖို့အတွက်က မြန်မာဒီဇိုင်းလေးတွေ၊ သီချင်းဆိုဖို့အတွက်က ခေတ်ဒီဇိုင်းလေးတွေပေါ့။ အရမ်းတိုတိုပြတ်ပြတ်ကြီး မဟုတ်ပဲနဲ့အရောင်တောက်တောက်လေး ဒီဇီုင်း လန်းလန်းလေးနဲ့
အသားအရေ ထိခိုက်မှာစိုးလို့ လက်ရှည်တွေကြီးပဲ ချုပ်ခိုင်းထားပါတယ်။ သင်္ကြန်ပြီးရင် သက်သခင် နယ်တွေမှာ သီချင်းဆိုဖို့ရှိတယ်။ သီချင်းကတော့ ဆိုဖြစ်တယ်။ အခွေထုတ်ဖို့တော့ အစီအစဉ် မရှိသေးပါ ဘူး။ ကြိုးစားနေတုန်းပါ"တဲ့။
သူမရဲ့ အနုပညာ ခရီးလမ်းတစ်လျှောက် ခက်ခဲမှုကိုလဲ "အိမ်က လုံးဝ သဘောမတူဘူး။ အဖေက ဒီအလုပ် စလုပ်တော့ အကယ်ဒမီ ဗန်းကိုင်ရတယ် အဲ့ဒီကတည်းက သဘောမတူတာ။ သူမကြိုက်တဲ့ အလုပ်ကို ရွေးလုပ်တော့လေ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ မပြောတော့ဘူး။ မကြိုက်တော့ မကြိုက်ဘူးပေါ့လေ။ အဲ့ဒါကြောင့် ညီမ ကားရိုက်ဆို သိပ်မရိုက်ရဘူး။ ဘာလို့လဲဆိုတော့ ရှုတင်ဆို ၇ ရက်လောက်ပေးရတယ်။
သူမရဲ့ အနုပညာ ခရီးလမ်းတစ်လျှောက် ခက်ခဲမှုကိုလဲ "အိမ်က လုံးဝ သဘောမတူဘူး။ အဖေက ဒီအလုပ် စလုပ်တော့ အကယ်ဒမီ ဗန်းကိုင်ရတယ် အဲ့ဒီကတည်းက သဘောမတူတာ။ သူမကြိုက်တဲ့ အလုပ်ကို ရွေးလုပ်တော့လေ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ မပြောတော့ဘူး။ မကြိုက်တော့ မကြိုက်ဘူးပေါ့လေ။ အဲ့ဒါကြောင့် ညီမ ကားရိုက်ဆို သိပ်မရိုက်ရဘူး။ ဘာလို့လဲဆိုတော့ ရှုတင်ဆို ၇ ရက်လောက်ပေးရတယ်။
ပြီးတော့ အမေနဲ့မိတ်ကပ်ဆရာနဲ့ပဲဆိုတော့ ရှုတင် မိုးချုပ်တဲ့အခါ သူက စိတ်မချဘူး။ အဲ့ဒါကြောင့် နဲနဲလေး စိတ်အနှောင့်အယှက်တော့ ဖြစ်ရတယ်။ ဘာကြောင့်လဲဆိုတော့ သက်သခင်တို့မျိုးရိုးထဲမှာ အနုပညာမျိုးရိုး မရှိဘူး။ စီးပွားရေးသမားတွေကြီးပဲဆိုတော့ သူက လုံးဝကို သဘောမတူတာ။ အခုကျတော့လဲ ဘာမှတော့ မပြောတော့ပါဘူး။ ဒါပေမဲ့ သူကြိုက်တော့ မကြိုက်ဘူးပေါ့။"လို့သူက ပြောပြခဲ့ပါတယ်။
ခင်ဆွေသက် - Trend Myanmar
ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ