ချစ်သူနဲ့ အီတလီကို အပျော်ခရီးထွက်နေတဲ့ One Direction အဖွဲ့ဝင်ဟောင်း Zayn Malik
မကြာသေးခင်ကမှ One Directon အဖွဲ့ကနေ နှုတ်ထွက်လိုက်တဲ့ Zayn Malik တစ်ယောက် ပရိ သတ်တွေ စိတ်ဝင်စားနေတဲ့အချိန်မှာပဲ သူ့ရဲ့ဇနီးလောင်း Perrie Edwards နဲ့အတူ အီတလီ ကို အပျော်ခရီး ထွက်နေတာ တွေ့ခဲ့ရတဲ့အတွက် အိမ်ထောင်ပြုတော့မှာလားလို့ ပရိသတ်တွေက မေးခွန်း ထုတ်ခဲ့ကြပါတယ်။
အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ပေါ့ပ် အဆိုတော် Zayn Malik ဟာ Edwards နဲ့အတူ အီတလီကို One Direction အဖွဲ့နဲ့လမ်းခွဲပြီး တစ်ပတ်အကြာမှာပဲ အပျော်ခရီး ထွက်လာခဲ့တာဖြစ်ပါတယ်။
သူတို့ ၂ ယောက်ဟာ ထိုချစ်ဖို့ကောင်းတဲ့ အခိုက်အတန့်တွေကို Instagram မှာလည်း ပြန်လည် ဝေမျှခဲ့ တာကို တွေ့ရပါတယ်။
အိမ်ထောင်ပြုတော့မှာလား ဆိုတဲ့ မေးခွန်းအတွက်ကတော့ Zayn Malik ဟာ One Direction အဖွဲ့က မထွက်ခင်ကတည်းက အိမ်ထောင်ပြုတော့မယ့် အစီအစဉ်က ရှိနေပြီးသားဖြစ်ပါတယ်။
HollywoodLife.com ဆိုတဲ့ သတင်းဌာနက ဖော်ပြခဲ့တာကတော့ Zayn ဟာ တစ်ယောက်တည်း အထီး ကျန်ရမှာကို ကြောက်နေတဲ့အတွက် အမြန်ဆုံး အိမ်ထောင်ပြုလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။
Mario - Trend Myanmar

မှတ်ချက်များ