ရည်းစားတွေ အများကြီးထားပြီး ကလေး ၁၅ ယောက်ဖခင် ဖြစ်လာသူ
အင်္ဂလန်နိုင်ငံ ဆန်းဒါးလန်းမြို့မှာ နေထိုင်သူ မက်ဒေါ်နယ်ဆိုတဲ့ အမျိုးသားတစ်ဦးဟာ အလုပ်မရှိပေမယ့် ကလေးမွေးတဲ့နေရာမှာ တော့ အတော်လေးထူးချွန်သူဖြစ်နေပါတယ်။ အမျိုးသမီးတွေများစွာနဲ့ ချစ်ကြိုက် ခဲ့ပြီး မွေးခဲ့တဲ့ကလေးအရေအတွက် ၁၅ အထိရှိတာဖြစ်ပါတယ်။ စုစုပေါင်း အမျိုးသမီးဆယ်ဦးနဲ့ ချစ်ကြိုက် ခဲ့ပြီး အဲဒီအမျိုးသမီးတွေက သူ့ရဲ့ရင်သွေးတွေ အများကြီးမွေးဖွားပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ရည်းစားဟောင်းတွေက မွေးလာတဲ့ကလေးတွေကို သူ့ကလေးမဟုတ်ဘူးဆိုပြီး ငြင်းပယ်ခဲ့တယ် လို့လည်း သူကပြောပါတယ်။ အခုသူ့ရဲ့နောက်ဆုံးရည်းစားမှာတောင် ကိုယ်ဝန်ရှိနေပြီဖြစ်လို့ သူ့ရဲ့ ၁၆ ယောက်မြောက်ရင်သွေးဖြစ်လာတော့မှာပါ။ တွက်ချက်မှုအရ သူနဲ့ရခဲ့တဲ့ အမျိုးသမီးတွေရဲ့ ရင်သွေးတွေ အားလုံးအတွက် စောင့်ရှောက်ကြေးသာ ပေးရမယ်ဆိုရင် ပေါင် ၂ သန်းလောက်ကျသွားနိုင်ပါတယ်။
အမျိုးသမီးဆယ်ဦးနဲ့ ကလေး ၁၅ ဦးမွေးနိုင်ခဲ့တဲ့ သူ့ရဲ့အဖြစ်က ထူးဆန်းလို့ ရုပ်သံလိုင်းကတောင် သူ့ရဲ့ အကြောင်း ရိုက်ကူးထုတ်လွှင့်ဖို့ ကမ်းလှမ်းတာ ခံခဲ့ရပါတယ်။
ဒါတောင်မှ နောက်ထပ်ရည်းစားထားဖို့ ကြံစည်နေသေးတယ်လို့လည်း မက်ဒေါ်နယ်က ပြောပါတယ်။ ဘတ်စ်ကားဂိတ်မှာ တွေ့ခဲ့တဲ့ မိန်းကလေးငယ်ကို စိတ်ဝင်စားလို့ ချစ်ကြိုးသွယ်ဖို့ ကြိုးစားနေတယ်လို့ သူက ဝန်ခံခဲ့ပါတယ်။ အမျိုးသမီးတွေကို စွဲဆောင်နိုင်တဲ့အပေါ်လည်း ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။ ဗြိတိန်မီဒီယာတွေ ကတော့ သူ့ကို တာဝန်ယူမှုအကင်းမဲ့ဆုံးဖခင်ဆိုပြီး ဝေဖန်ရေး သားကြပါတယ်။ သူ့ရဲ့ဘဝအကြောင်း ရုပ်ကူးထားတဲ့ အစီအစဉ်ကို youtube ပေါ်မှာလည်း ကြည့်ရှုနိုင် ပါတယ်။
Planet Myanmar

မှတ်ချက်များ