ဆိုရှယ်နက်ဝေါ့ခ်ကို အသည်းခွဲခဲ့တဲ့ သတင်းဓါတ်ပုံ


မကြာသေးခင် ရက်တွေကမှ ကမ္ဘာတလွှားအင်တာနက် အသုံးပြုသူတွေရဲ့ အသည်းနှလုံးကို ဆွဲကိုင်လှုပ် ခတ် နိုင်တဲ့ ဓါတ်ပုံတစ်ပုံရေပန်စားလာပါတယ်။ စစ်ပွဲထူပြောတဲ့ အရှေ့အလယ်က ဒေသက ကလေးတစ်ဦး လက်မြှောက်ထားတဲ့ပုံဟာ မြင်ရသူတွေအဖို့ စိတ်မကောင်ဖြစ်စရာဖြစ်နေပါတယ်။ အထူးသဖြင့် ဘာလို့ ကလေးငယ်က ဘာလို့ လက်မြှောက်ထားလဲဆိုတာသိရင် သင်လည်း ဝမ်းနည်းမိပါလိမ့်မယ်။

ဒီရက်ပိုင်းအတွင်းမှာ ရေပန်းစားလာတဲ့ ဒီသတင်းဓါတ်ပုံကို ဂါဇာအခြေစိုက်ဓါတ်ပုံသတင်းထောက်ဖြစ်တဲ့ အဘူရှာဘန်က အင်တာနက်ပေါ်တင်ခဲ့တာဖြစ်ပါတယ်။ ဒီဓါတ်ပုံရဲ့အောက်မှာ ‘‘ မျက်ရည်တောင် ကျရပါ တယ်’’ ‘‘ အရမ်းဝမ်းနည်းဖို့ကောင်းတယ်’’ ‘‘ လူသားဆန်မှုတွေ မရှိတော့တဲ့နေရာ’’ စသဖြင့် ဝိုင်းပြီး မှတ်ချက်ပြုထားကြပါတယ်။ တကယ်တော့ ဒီဓါတ်ပုံကိုမူလ ရိုက်ကူးခဲ့သူဟာ Sağırlı ဆိုသူဖြစ်ပြီး အခုတော့ တန်ဇာနီးယားမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။ 

ဆီးရီးယားမှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုမှာ ဒီကလေးငယ်ရဲ့ဓါတ်ပုံကို ရိုက်ခဲ့တာဖြစ်ပါတယ်။ ကလေး ငယ်ကို ဓါတ်ပုံရိုက်ဖို့ ဓါတ်ပုံဆရာက ကင်မရာချိန်လိုက်တဲ့အချိန်မှာ ဒီကလေးငယ်က သေနတ်နဲ့ချိန်တယ်လို့ ယူဆပြီး လက်မြှောက်ထားလိုက်တာဖြစ်ပါတယ်။ လက်မြှောက်ထားလိုက်တဲ့ အချိန်မှာ ကလေးငယ်ရဲ့ မျက်လုံးထဲက အကြောက်တရားတွေကို ဓါတ်ပုံထဲမှာ ပြန်တွေ့နေရတဲ့အတွက် ဒီဓါတ်ပုံဟာ အလွန်ကို နာမည်ကြီးလာခဲ့တာပါ။

‘‘ ကျွန်တော်က တယ်လီမှန်ပြောင်းကို ထုတ်လိုက်တာဗျ။ ဒီကလေးက အဲဒါက လက်နက်လို့ ထင်သွားပုံရ တယ်။ ပုံကိုပြန်ကြည့်တော့ သူကြောက်နေတယ်ဆိုတာ ကျွန်တော်တွေ့လိုက်ရတယ်။ နှုတ်ခမ်းကို ကိုက် ထားတာပဲ ကြည့်လေ။ ပုံမှန်ကလေးတွေဆိုရင်တော့ ကင်မရာရှေ့မှာ အမူအရာအမျိုးမျိုး လုပ်ပြကြမှာပေါ့။ ကလေးတွေဟာ သူတို့ရဲ့ခံစားချက်ကို မျက်နှာမှာအမှန်အတိုင်း ဖော်ပြကြတယ်လေ’’ လို့ ဓါတ်ပုံပိုင်ရှင်က ပြောခဲ့တာဖြစ်ပါတယ်။ ကင်မရာကို သေနတ်ထင်ပြီး လက်မြှောက်ထားတဲ့ ဒုက္ခသည်စခန်းက ကလေး ငယ်ရဲ့ ဓါတ်ပုံဟာ လူပေါင်းများစွာကို အသိတရားတစ်ခုခု ပေးဝေနိုင်တဲ့အရာ ဖြစ်ခဲ့ပါတယ်။

Planet Myanmar

မှတ်ချက်များ