ကိုးကန့်တပ် လက်နက်ချ အလင်းဝင်ရန် အစိုးရစစ်တပ် စာဝေ


အစိုးရစစ်တပ်က ကိုးကန့်တပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်ကြဖို့ လောက်ကိုင်နဲ့ အနီးတ၀ိုက် ကျေး ရွာတွေမှာ စာလိုက်ဝေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်လာရင် အသက်အန္တရာယ် မဖြစ်စေရဘူး စတဲ့ အကြောင်းအ ရာပါတဲ့ စာတွေကို လောက်ကိုင်မြို့အနီးက ကျေးရွာတွေအရောက် လိုက်လံဖြန့်ဝေခဲ့တာပါ။

ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရသူနဲ့ တရုတ်မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်တို့က ဒေသပြန် လည်ထူထောင်ရေးလုပ်ဖို့ မြန်မာစစ်တပ်က အခုလို လုပ်ဆောင်တာလို့ ပြောပါတယ်။

“ဒါဟာ ကျနော်တို့ ပြည်တွင်းရေး၊ ပြည်တွင်းမှာရှိနေတဲ့ သောင်းကျန်းသူအဖွဲ့နဲ့ အစိုးရနဲ့ ဖြစ်တဲ့ကိစ္စ၊ တရုတ် ဘက်ကို ချွတ်ချော်ပြီး ကျသွားတဲ့ကိစ္စရှိတယ်။ ကျနော်တို့ဘက်က တောင်းပန်လိုက်တယ်။ နောက်တခါ ပြည်တွင်းမှာရှိနေတဲ့ သောင်းကျန်းသူအဖွဲ့ငယ်လေးတွေကိုလည်း စာတွေ ဝေပြီးတော့ မင်းတို့ ငြိမ်းချမ်းရေး အတွက် လုပ်ကြ၊ လက်နက်ချကြ၊ တွေ့ကြဆုံကြဆိုပြီးတော့ ပြောထားဆိုထားတာရှိတယ်”

စစ်တပ်က ကြေညာချက်ထုတ်ပြီး နယ်မြေအတွင်းရှိ ကျေးရွာတွေအရောက် လိုက်လံဝေငှခဲ့တာလို့လည်း ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရ ဦးထွန်းမြတ်လင်းကလည်း လက်နက်ချအလင်းဝင်ဖို့ စာတွေလိုက်ဝေတာကို အတည်ပြုပြောကြားလိုက်ပြီး သူတို့တပ်ဖွဲ့ဟာ သူပုန်ဓားပြအဖွဲ့ မဟုတ်ဘူးလို့ တုန့်ပြန်ပြောဆိုပါတယ်။

“ကျနော်တို့က သူပုန်လည်း မဟုတ်ဘူး၊ ဓားပြလည်း မဟုတ်ဘူး။ ကျနော်တို့ တိုင်းရင်းသား အခွင့်အရေး အတွက် လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်တဲ့အဖွဲ့ပါ၊အဲ့ဒီတော့ အလင်းဝင်စရာလည်း မရှိပါဘူး”

လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကစပြီး စစ်တပ်ဘက်က ကြေညာချက်တွေ လိုက်လံဝေငှခဲ့တာဖြစ်ပြီး အခုရက်ပိုင်းတော့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး မရှိဘူးလို့လည်း သိရပါတယ်။

အစိုးရနဲ့ အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အန်စီစီတီအလုပ် အဖွဲ့က ကိုးကန့်တိုက်ပွဲကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အစိုးရကို တောင်းဆိုထားပြီး အစိုးရဘက်ကတော့ အခုလို လက်နက်ချအလင်းဝင်ဖို့ ကြေညာချက် ထုတ်ပြန်နေတာ ဖြစ်ပါတယ်။

ရှမ်းပြည်အရှေမြောက်ပိုင်း လောက်ကိုင်ဒေသမှာ တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ ဖေဖော်ဝါရီ ၉ ရက်ကစ လို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်သေဆုံးမှု ရှိခဲ့သလို အရပ်သားသေဆုံးမှုလည်း ရှိခဲ့ပါတယ်။

ရွှေအောင် - DVB

မှတ်ချက်များ