ရေး-သံဖြူဇရပ်ကားလမ်းမှာ ယာဉ်တိမ်းမှောက် ကိုရင် ၂ ပါးသေဆုံး၊ ကိုရင် ၁၄ ပါး ဒဏ်ရာရ


၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ ည ၁၁ နာရီ ၅ဝ မိနစ်အချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုံနံ့သာမြိုင်ကျေးရွာ၊ ရေး-သံဖြူဇရပ်ကားလမ်း၊ မိုင်တိုင်အမှတ်(၈၈/၄-၃)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်း အရ ရေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ မုဒုံမြို့၊ (၁)ရပ် ကွက်နေ အောင်ကိုဝင်း(၃၁)နှစ် မောင်းနှင်လာသော ၁က/xxxx ကန်တာ အဖြူရောင်ယာဉ်မှာ အရှိန်မထိန်း နိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ပုပ္ဖဝတီကျေးရွာ၊ ကိုရင်လေးကျောင်းမှ အရှင် အဂ္ဂ သက်တော်(၁၆)နှစ်ပါ ကိုရင်(၂)ပါးတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး အရှင်ကုသလ သက်တော်(၁၇)နှစ်ပါ ကိုရင်(၁၄)ပါးနှင့် ယာဉ်မောင်း အောင်ကိုဝင်း ပါ ကျား(၁၁)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ရေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကာ အောင်ကိုဝင်းအား ရေးမြို့မရဲစခန်း ယာဉ်(ပ)၃/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/ ၃၃၈/၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်များ