ဂျပန်နိုင်ငံက အမျိုးသား လိင်အင်္ဂါ ပွဲတော်





Kanamara Matsuri က ကြိုဆိုပါတယ်။ တစ်နည်းအားဖြင့် Festival of the Steel Phallus လို့လည်း လူသိများပြီး ဒီပွဲတော်ရဲ့ အဓိပ္ပာယ်ကတော့ “အမျိုးသား လိင်အင်္ဂါပွဲတော်” ပဲဖြစ်ပါတယ်။ ဒီပွဲတော်ဟာ ဂျပန်နိုင်ငံ Kawasaki ပြည်နယ်မှာ နှစ်စဉ်ကျင်းပနေကျ ပွဲတော်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ထိုပွဲတော်မှာ ကျင်းပတဲ့သူတွေက လမ်းတစ်လျှောက်မှာ အမျိုးသား လိင်အင်္ဂါပုံစံ လေပူဖောင်းများ ၊ အရုပ်များကို တည်ဆောင်ထားပြီး ပွဲတော်မှာ ပါဝင်ဆင်နွှဲသူတွေဟာ အမျိုးသား လိင်အင်္ဂါ ပုံစံ လော်လီပေါ့ပ် သကြားလုံးတွေကိုလည်း စားသုံးနေကြတာကိုတွေ့ရမှာပါ။ တစ်ချို့ကလည်း အမျိုးသား လိင်အင်္ဂါပုံစံ အမှတ်တရ ပစ္စည်းတွေကို ၀ယ်ယူပြီး ပါဝင်ဆင်နွှဲကြပါတယ်။

ဧပြီ ၅ ရက်နေ့တိုင်း ကျင်းပတဲ့ ထိုပွဲတော်ဟာ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းနဲ့ မျိုးပွားနိုင်စွမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ Kanayama ဘုံကျောင်းမှာ ဗဟိုပြုကျင်းပတာပဲဖြစ်ပါတယ်။ ကျင်းပရတဲ့ အကြောင်းအ ရင်းကတော့ ၁၇ ရာစု မှာဖြစ်ပျက်ခဲ့တဲ့ မိန်းမလှလေးတစ်ဦးနဲ့ သွားချွန် မိစ္ဆာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အခြေခံထားတယ်လို့ သိရပါတယ်။

ထိုမိစ္ဆာက မိန်းမပျိုလေးကို ဖမ်းချုပ်ထားစဉ်မှာ ရွာထဲက လက်နက်ရုံတွေက ပူးပေါင်းပြီး အမျိုးသားလိင် အင်္ဂါပုံစံ စတီးလက်နက် တစ်ခုနဲ့ ထိုမိစ္ဆာရဲ့ သွားချွန်တွေကို ဖျက်ဆီးပြီး မိန်းမပျိုကို ကယ်တင်နိုင်ခဲ့တာဖြစ်ပါ တယ်။ အဲဒီကစပြီး ထိုလက်နက်ကို ဂုဏ်ပြုတဲ့အနေနဲ့ Steel Phallus ပွဲတော် အဖြစ် ကျင်းပခဲ့ရာကနေ နောက်ပိုင်း ထိုမြို့ရဲ့ ဘုံကျောင်းဖြစ်တဲ့ Kanayama ဟာ လိင်လုပ်သား အများစု လာရောက် ဆုတောင်းရာ စုဝေးရာ နေရာတစ်ခုလည်း ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
ထို ဘုံကျောင်းဟာ နောက်ပိုင်းမှာ စိတ်ချရတဲ့ လိင်ဆက်ဆံမှုတွေအကြောင်းနဲ့ HIV ပိုးအကြောင်း ဗဟု သုတတွေကို ဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ပြီး လိင်တူဆက်ဆံသူတွေကို ကုညီပံ့ပိုးတဲ့ LGBT အဖွဲ့အစည်းနဲ့ အတူ လူသိများလာခဲ့တာ ဖြစ်ပါတယ်။

Trend Myanmar

မှတ်ချက်များ