သဘာဝရှုခင်း အကြည့်များလွန်းသူတွေဟာ မျက်စိအာရုံခံလွှာ ထိခိုက်နိုင်




ခရီးထွက်တာ သဘာဝရှုခင်းတွေကို ကြည့်ရှုခံစားရင်း မျက်စိပသာဒ ဖြစ်စေဖို့လို့ ယူဆကြပါတယ်။ ဒါပေမယ့် လှပတဲ့သဘာဝရှုခင်းတွေကြည့်တာ အန္တရာယ်တွေဖြစ်စေနိုင်ပါတယ်။ကိုယ်ပိုင်အုပ်ချုပ်ရဒေသ Guangxi Zhuang က Guilin ဒေသမှာ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သူမရဲ့ခရီးစဉ် ဒုတိ ယနေ့မှာပဲ သူမရဲ့အမြင်အာရုံ ဟန့်တား အနှောင့်အယှက်ဖြစ်စေတဲ့ အရိပ်မည်းတွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆရာဝန်တစ်ဦးမှ မျက်စိ အာရုံခံလွှာ အထူးစိုးရိမ်ဖွယ်ရာ အဆင့်ရှိနေကြောင်း ချွတ်ယွင်းချက်ကို ရှာဖွေဖော် ထုတ်ခဲ့ပါတယ်။ ဆရာရဲ့ပြောဆိုချက်အရ လူ့မျက်စိ အာရုံခံလွှာမှာ အသက်ကြီး လာတာနဲ့အမျှ အထူးသဖြင့် အလွန်အကျွံ သုံးတဲ့အခါ အလွယ်တကူ ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။

Trend Myanmar

မှတ်ချက်များ