အကြမ်းဖက်ဆန့်ကျင်ရေး ဥပဒေသစ် မလေးရှား ချမှတ်


အစ္စလမ်မစ် အစွန်းရောက်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှုတွေကို အရေးယူဖို့ လိုအပ်တာကြောင့် မလေးရှား အစိုးရက အကြမ်းဖက်ဆန့်ကျင်ရေး ဥပဒေသစ်တရပ်ကို အတည်ပြုလိုက်ပါတယ်။အဲဒီ ဥပဒေမှာ ၂၀၁၂ ခုနှစ်က မလေးရှားဝန်ကြီးချုပ် ဖျက်သိမ်းခဲ့တဲ့ တရားရုံးမတင်ဘဲ အကန့်အသတ်မရှိ ထိန်းသိမ်းထားနိုင်ခွင့်ကို ပြန်လည်ထည့်သွင်းထားပါတယ်။

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ လူ ၁၇ ဦးကို အကြမ်းဖက်မှုတွေ ကျူးလွန်ရန် ကြံစည်နေတယ် လို့ သံသယရှိရတဲ့အတွက် ဖမ်းဆီးလိုက်ကြောင်း မလေးရှားရဲချုပ်က ပြောဆိုပြီးနောက်ပိုင်းမှာ ဒီဥပဒေကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ဖမ်းဆီးလိုက်သူတွေထဲမှာ အသက်အငယ်ဆုံး ၁၄ နှစ်ပါဝင်ပြီး သူတို့ဟာ လက်နက်စုဆောင်းဖို့အ တွက် ရဲဌာနနဲ့ စစ်တပ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ ကြံစည်တယ်လို့ ယူဆရကြောင်း ပြည်ထဲရေး ၀န်ကြီး ဇာဟစ် ဟာမစ်ဒီက ပြောပါတယ်။

အခု ဖမ်းဆီးလိုက်သူတွေထဲက ၂ ယောက်ဟာ ဆီရီးယားနိုင်ငံကနေ လောလောလတ်လတ် ပြန်ရောက် လာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ကတော့ အခုလို ဥပဒေ ထုတ်ပြန်လိုက်တာကိုလူ့အခွင့် အရေးအတွက် နောက်ပြန်ဆုတ်လိုက်တဲ့ ခြေလှမ်းတရပ်လို့ ပြောဆိုလိုက်ပါတယ်။

BBC Burmese

မှတ်ချက်များ