မင်္ဂလာဧည့်ခံပွဲ သေးသေးလေးတစ်ခု ကျင်းပဖို့ စီစဉ်နေတဲ့ Robert Pattinson နဲ့ FKA twigs


Twilight မင်းသား Robert Pattinson နဲ့ FKA twigs တို့ဟာ တစ်ယောက်လက်မှာ တစ်ယောက် အမှတ် အသားတက်တူးလေးတွေ ဆင်တူထိုးမယ့် အတွဲများလား။ ခုသိရသလောက်တော့ သူတို့နှစ်ဦးဟာ မင်္ဂလာ ပွဲတစ်ခုကို ကျင်းပဖို့ စီစဉ်နေပါပြီ။

ဒါပေမယ့် လူတွေအများကြီးဖိတ်ပြီး ကျင်းပမယ့် မင်္ဂလာပွဲအမျိုးအစားတော့ မဟုတ်ပါဘူး။ ပွဲသေးသေးလေး သာ လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Robert ရဲ့ မိဘတွေက သူတို့ကို ဘုရားကျောင်းမှာ မင်္ဂလာဆောင်စေချင်ပေမယ့် သူတို့နှစ်ယောက်ကတော့ အဲ့ဒီလိုလုပ်မယ့်အစား ဗြိတိန်ရဲ့ ဂန္တ၀င်ဆန်တဲ့နေရာလေးတစ်ခုမှာ ဧည့်ခံပွဲလေးသာ ကျင်းပချင်တာပါတဲ့။

Trend Myanmar

မှတ်ချက်များ