မြန်မာကို စံနမူထား အိုဘားမား ပြောကြား


အမေရိကန်သမ္မတ အိုဘားမားက အီရန်နိုင်ငံရဲ့ နျူကလီးယား စွမ်းအင်ပြဿနာကို ဆွေးနွေးပွဲနဲ့ ဖြေရှင်း ခဲ့တာဟာ အမေရိကန် ပြည်ထောင်စုရဲ့ ကျယ်ပျံ့ တဲ့ နိုင်ငံခြားရေး မူဝါဒ အစိတ်အပိုင်းတစ်ရပ်ပဲလို့ ပြောကြားခဲ့ကြောင်း မနေ့ကလာတဲ့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သမ္မတအိုဘားမားက မြန်မာနဲ့ ကျူးဘားနိုင်ငံ ဆိုင်ရာပြသနာတွေမှာ အမေရိကန်ပြည်ထောင်စုက ဆွေးနွေးဖြေရှင်းခဲ့ပုံတွေကို စံနမူနာပြရင်း မိမိတို့နိုင်ငံ ဟာ ပြသနာတွေကို စွန့်စားရင်းနှီးမှုတွေ မပြုလုပ်ပဲ အခုလိုချဉ်းကပ်ပြောဆိုပြီး အဖြေရှာနိုင် လောက်အောင် အင်အားကြီးမားတဲ့ နိုင်ငံဖြစ်ပါတယ်လို့လည်း နယူးယော့ခ်တိုင်းမ်စ် သတင်းစာကို ပြောကြားကြောင်း သိရပါတယ်။

အရှေ့အလယ်ပိုင်းဒေသ ရေရှည်တည်ငြိမ်ရေးနဲ့ အီရန်နိုင်ငံက နျူကလီးယားဗုံးထုတ်ဖို့ ကြိုးစား နေတာတွေ ကို တားဆီးရေးအတွက် တစ်သက်တစ်ခါ ဆိုသလို ပေါ်ပေါက် လာတဲ့ အခွင့်အရေးကို အရယူပြီး မိမိတို့ အမေရိကန် အပါအဝင် အင်အားကြီးနိုင်ငံတွေ က အီရန်အစိုးရနဲ့ သဘောတူညီချက်ရယူခဲ့ တာဖြစ်တယ် လို့လည်း သမ္မတအိုဘားမား က ပြောပါတယ်။

အမေရိကန်လွတ်တော်အမတ် အများအပြားကတော့ အီရန်အစိုးရထံကနေ အနုမြူအစီအစဉ် ထာဝရ ဖျက်သိမ်းရေးအတွက် အာမခံချက် ခိုင်ခိုင်မာမာ မရရှိဘဲနဲ့ ပိတ်ဆို့မှုတွေရုပ်သိမ်းမိမှာကို စိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောဆိုနေကြပါတယ်။

RFA Burmese

မှတ်ချက်များ