အီရတ် စစ်သား ရုပ်အလောင်းများ တူးဖော်တွေ့ရှိ


အီရတ်နိုင်ငံ တိကရစ်မြို့တော်ကနေ အိုင်အက်စ်တပ်တွေကို တိုက်ထုတ်လိုက်နိုင်ခဲ့အပြီး ရက်အနည်းငယ် အတွင်းမှာပဲ လူတွေကို အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရပြီး မြုပ်နှံထားတယ်လို့ ယူဆရတဲ့ နေရာ ၁၂ ခုကို အီရတ် မှုခင်းသိပ္ပံပညာရှင်တွေက တူးဖော်နေပါတယ်။

အဲဒီနေရာတွေမှာ အိုင်အက်စ်တွေ သတ်ဖြတ်တာ ခံခဲ့ရတဲ့ ရှီယာ လက်နက်ကိုင်တွေရဲ့ ရုပ်အလောင်း ၁၇၀၀ လောက် အထိ ရှိနိုင်မယ်လို့ ယူဆထားကြပါတယ်။

BBC Burmese

မှတ်ချက်များ