ကံမမြို့နယ် ကံပြားကျေးရွာအနီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွား တရုတ်နိုင်ငံသား သေဆုံး


မကွေးမြို့နယ် ကံပြားကျေးရွာ (အရှေ့)အနီး ကံပြား-နေပြည်တော် ကားလမ်း မိုင်တိုင်အမှတ် ၇၉/၂အနီး ၌ ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ခဲ့သဖြင့် တရုတ်နိုင်ငံသား တစ်ဦး သေ ဆုံး သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း Mr.Xiao Jia (၃၃ နှစ်)(ခေတ္တနေရပ်လိပ်စာ၊ အို/၇ သစ်ခွသာယာအိမ်ရာ FMI လှိုင် သာယာ ရန်ကုန်တိုင်းဒေသကြီး) ကူမင်းမြို့ တရုတ်ပြည်နေသူသည် ယာဉ်အမှတ် 5G/----- TOYOTA HILUX VIGO အနက်ရောင်ကား ဖြင့် နေပြည်တော်-ကံပြားလမ်း အတိုင်း နေပြည်တော်ဘက်မှ ကံပြား ကျေးရွာဘက်သို့ မောင်းနှင်လာခဲ့စဉ် မိုင်တိုင်အမှတ် ၇၉/၂ အနီးအရောက် တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း ၏ ယာဘက်သို့တိမ်းမှောက်ခဲ့သဖြင့်Mr. Xiao Jia ဒဏ်ရာဖြင့် အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့ကြောင်း၊ ထိုသေဆုံးသူကို ရဲဆေးစာဖြင့် မကွေး တိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့ ပေးပို့ထားရှိခဲ့ကြောင်း သက်ဆိုင် ရာ အမှုစစ်ရဲအရာရှိတစ်ဦးက ပြောကြား သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်း Mr.Xiao Jia ကို မကွေးနယ်မြေရဲစခန်းက အမှု ဖွင့် ဆောင်ရွက်ထားကြောင်း သိရ သည်။

ကျော်ဇေယျ - Myanmaalinn

မှတ်ချက်များ