The Vampire Diaries ဇာတ်လမ်းတွဲမှာ ဆက်ပြီး သရုပ်ဆောင်ဖို့ အစီအစဉ် မရှိတော့တဲ့ အကြောင်း ဖွင့်ဟလိုက်တဲ့ DNina Dobrev
The Vampire Diaries ဇာတ်လမ်းတွဲ ပရိသတ်တွေအတွက် ကြေကွဲရမယ့် သတင်းတစ်ရပ်ပါပဲ။ ဘာလို့လဲ ဆိုတော့ ဒီဇာတ်လမ်းတွဲတစ်လျှောက်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Nina Dobrev က season 6 နောက်ပိုင်း ပါဝင်သရုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုလိုက်တာကြောင့်ပါ။
သူမကိုယ်တိုင် ဒီသတင်းကို Instagram မှာလည်း တင်ထားပြီးဖြစ်သလို ဒါကို သတင်းထောက်တွေက လည်း အတည်ပြု ပြီး ဖြစ်ကြောင်း သိရပါတယ်။ Instagram မှာ Nina ပြောသွားတာက "ဇာတ်ကားထဲမှာ Elena Gilbert အဖြစ် သရုပ်ဆောင်ခဲ့ချိန် တောက်လျှောက် သူမ အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ခဲ့တာ အားလုံးသိပြီးဖြစ်သလို ခုဆိုရင် season 6 တောင် ဖြစ်နေပြီမို့ သူမရဲ့နောက်ထပ် လုပ်ဆောင်ရမယ့် အနုပညာလှုပ်ရှားမှုတွေအတွက် ဒီဇာတ်လမ်းတွဲမှာ ထပ်ပြီး သရုပ်ဆောင်ဖို့ ရပ်နားပါတော့မယ်" တဲ့။ ဒါ့အပြင် သူမက အားလုံးကို နှုတ်ဆက်တယ်ဆိုပြီးတော့လည်း ဆိုသွားပါသေးတယ်။
ဒီဇာတ်ကားရဲ့ အဓိက သရုပ်ဆောင်ဖြစ်တဲ့ Nina Dobrev အစား တစ်ခြားဘယ်သူကများ အစားထိုး ၀င်ရောက် သရုပ်ဆောင်ဦးမှာလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပေမယ့် သူမလို ဇာတ်ရုပ်နဲ့ အံဝင်ခွင်ကျ ဖြစ်နိုင်ပါ့ဥိးမလားဆိုတာတော့ တွေးစရာပါပဲ။
ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ