ကားတိုက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ဂန္တ၀င် ဒရမ်မာ Robert Burns Jr.


Lynyrd Skynyrd ဆိုတဲ့ ရော့ခ်တီးဝိုင်းရဲ့ စတင် တည်ထောင်သူနဲ့ ဒရမ်မာ ဟောင်းတစ်ယောက်ဖြစ်တဲ့ Robert Burns Jr. ဟာ ဂျော်ဂျီယာပြည်နယ်မှာ ကားတိုက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ သေဆုံးချိန်မှာတော့ သူဟာ အသက် ၆၄ နှစ်ရှိနေပါပြီ။

Robert Burns Jr. ဟာ ကားမောင်းစဉ်မှာ ခါးပတ် မပတ်ထားမိခဲ့တဲ့အတွက် လမ်းချော်သွားစဉ်မှာ အတ္တလန်တာ မြို့ရဲ့ အနောက်မြောက်ဘက်မှာ ရှိတဲ့ စာတိုက်ပုံး တစ်ပုံးနဲ့ သစ်ပင်တစ်ပင်ကို ၀င်တိုက်မိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုကားထဲမှာတော့ Robert Burns တစ်ယောက်တည်းသာ ပါဝင်တယ်လို့ သိရပါတယ်။ ဂန္တ၀င် ဒရမ်မာကြီး Robert Burns Jr. ဟာ Lynyrd Synyrd အဖွဲ့နဲ့အတူ အောင်မြင်ခဲ့တဲ့ “Free Bird” နဲ့ “Sweet Home Alabama” ဆိုတဲ့ သီချင်းတွေကို ဒရမ် တီးခတ်ပေးခဲ့သူပဲ ဖြစ်ပါတယ်။

Burns ဟာ Lynyrd Skynyrd အဖွဲ့ရဲ့ မပြတ်လပ်နိုင်တဲ့ နယ်လှည့်ဖျော်ဖြေရေးပွဲတွေကြောင့် ပင်ပန်းလာ ပြီး တီးဝိုင်းကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ သူ တီးဝိုင်းက ထွက်ခွာခဲ့ပြီးနောက်မှာ Artimus Pyle နဲ့ အစားထိုး ခံခဲ့ရတယ်လို့ သိရပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ