ပန်ဒါဝက်ဝံစုံတွဲ၏ ချစ်ခြင်းမေတ္တာ (ရုပ်သံ)
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း စိချွမ်းပြည်နယ်မှာ မွေးထားတဲ့ ပန်ဒါ ၀က်ဝံစုံတွဲဟာ မိတ်လိုက်ချိန် ၁၈ မိနစ် ၃ စက္ကန့်ကြာလို့ စံချိန်သစ် တင်လိုက်ပါတယ်။
ပန်ဒါ အထီး လူလူနဲ့ ပန်ဒါအမ ဇီမိုင်း တို့ အရင်က မိတ်လိုက်ချိန်က ၈ မိနစ်ပဲ ကြာပါတယ်။
ပန်ဒါကို စောင့်ရှောက်ပေးနေသူတွေက ပန်ဒါအမကို လိင်စိတ်နိုးကြားလာအောင် အရင်ဆုံး ၀ါးချောင်းကို အသုံးပြုပြီး နှိုးဆွပေးရပါတယ်။
ပန်ဒါဝက်ဝံတွေဟာ သုံးလေးလကြာတော့မှ တခါ မိတ်လိုက်လေ့ရှိတယ်လို့ အထိန်းဝန်ထမ်းတွေက ဆိုပါ တယ်။
ပန်ဒါတွေ လိင်စိတ်ဖြစ်ပေါ်လာမှုကို သိရှိဖို့အတွက် အထိန်းဝန်ထမ်းတွေဟာ ပန်ဒါတွေရဲ့ လှုပ်ရှားမှုကို အရိပ်တကြည့်ကြည့် အကဲခတ်ရပါတယ်။
ပန်ဒါ စုံတွဲ မိတ်လိုက်ပုံကို China Network ရုပ်သံလိုင်းနဲ့ ပန်ဒါဝက်ဝံထိန်းသိမ်းရေး ဌာနတို့က စီစဉ်ထား တဲ့ iPanda အွန်လိုင်းက ရိုက်ကူးပြီး တင်ဆက်ပေးထားပါတယ်။
DVB

မှတ်ချက်များ