ပြည်တွင်းတွင် တရားဟောခွင့်ပိတ်ခံရသည့် ရွှေညဝါဆရာတော်၏ ပြည်ပတရားပွဲ
ပြည်တွင်းမှာ တရားဟောခွင့်ပိတ်ခံထားရတဲ့ ရွှေညဝါဆရာတော် ဦးပညာသီဟဟာ ဂျပန်နိုင်ငံတိုကျိုမြို့ အီတဘရှိမှာ နိဗ္ဗာန် ရောက်ကြောင်းတရားပွဲကို ဧပြီ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ဟောကြားနေပါတယ်။
လက်ရှိမြန်မာပြည်သူတွေဘ၀ကို ထင်ဟပ်ပြီး ဗုဒ္ဓဘာသာ အကိုးအကားနဲ့ ရွှေည၀ါဆရာတော် ဦးပညာ သီဟက ဟောပြောခဲ့ပါတယ်။
ဂျပန်မှာ လက်ထောက်ဆရာတော် ဦးသူရိယနဲ့အတူ ဧပြီ ၁၁ ရက်အထိ သီတင်းသုံး နေထိုင်မှာ လည်း ဖြစ်ပါ တယ်။ တရားပွဲကို မြန်မာနိုင်ငံသား ၂၀၀ ကျော် လာရောက်နာယူခဲ့ကြပါတယ်။
ဗုဒ္ဓဘာသာ တရားတော်နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေ ဟောပြောတဲ့အတွက် ရွှေည၀ါဆရာတော် ကို တရားဟောခြင်းလုံးဝခွင့်မပြုဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က မတ်လ ၂၅ ရက်မှာ ထုတ်ပြန် ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်ကလည်း အလားတူအမိန့်မျိုး ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဇော်ဇော်လှိုင် - DVB






မှတ်ချက်များ