၉၀၀၀ နဲ့ တန်အောင် အကောင်းဆုံး ဖျော်ဖြေ တင်ဆက်ပါ့မယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်
၁၀ စုနှစ်တစ်စုကြာ ပြုလုပ်ခဲ့ပြီး အခု အခါမှာတော့ Birthday Show ကို တစ်မျိုး ဆန်းသစ်စွာနဲ့ တင်ဆက် မှုတွေ၊ ဖျော်ဖြေမှုတွေကို ပြောင်းလဲထားတဲ့ စိုင်း စိုင်းခမ်းလှိုင်ရဲ့ April 10Shwo ကိုတော့ ဧပြီ ၁ဝရက်မှာ ရန်ကုန်မြို့မှာရှိတဲ့ ကန် တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထူးခြားစွာပဲ နာ မည်လည်းပြောင်း၊ တင်ဆက်မှုလည်းပြောင်း တဲ့အပြင် လက်မှတ်ဈေးနှုန်းပါ ပြောင်းသွား တဲ့အတွက် ဝေဖန်မှု တချို့ရှိလာလို့ စိုင်း စိုင်းကို အင်တာဗျူးဖြစ်ခဲ့ပါတယ်။
ဖျော်ဖြေချိန်က ၅နာရီဆိုတော့ စိုင်းစိုင်းရဲ့ ဖျော်ဖြေချိန်ကရော ဘယ်လောက် ရှိမလဲ။
ကျွန်တော်ကတော့ ကျွန်တော့်ဘော် ဒါတွေကို ပြောထားပါတယ်။ ငါကတော့ ငါ့မွေးနေ့ဆိုတော့ ဗိုလ်ကျပြီး တစ်ဝက် လောက် ဆိုမယ်လို့တော့ ပြောထားပါတယ်။ (ရယ်လျက်) ကျွန်တော့်ဖျော်ဖြေချိန်ကတော့ နှစ်နာရီခွဲလောက်တော့ဖြစ်မှာပေါ့။
လက်မှတ်ဈေးနှုန်း တိုးမြှင့်သွားရတဲ့အ ကြောင်းနဲ့ပတ်သက်ပြီး ပြောပြပေးပါဦီး။
ကျွန်တော်တို့ မနှစ်က ရှိုးပွဲလက် မှတ်ဈေးကို ကျပ် ၈ဝဝဝနဲ့ရောင်းခဲ့ပါတယ်။ ဒီနှစ်ကတော့ ကျွန်တော် ကျပ် ၉ဝဝဝနဲ့ ရောင်းပါတယ်။ ကျွန်တော်တို့ ပြင်ဆင်ရ တဲ့ အထွေထွေစရိတ်က စပီကာချိတ်ဖို့ ငြမ်း ကအစ သုံးဆလောက် တက်နေလို့ပါ။ ပံ့ပိုး တဲ့ စပွန်ဆာတွေလည်းရှိပေမယ့် ကျွန် တော်တို့ လုပ်ချင်တဲ့ အတိုင်းအတာအထိ နိုင်နိုင်နင်းနင်းလုပ်နိုင်အောင်လို့ တစ်ထောင် ထပ်တိုးခဲ့တာပါ။
မနှစ်ကဆို ပရိသတ်တွေအတွက် လက် ဆောင်အနေနဲ့ စိုင်းစိုင်းတံဆိပ်ပါတဲ့ ဦးထုပ် လေးတွေ စီစဉ်ပေးထားတယ်။ ဒီနှစ်ရော စီစဉ်ထားတာရှိလား။
ဒီနှစ်အတွက် လက်ဆောင်ပစ္စည်း တွေ စီစဉ်ပေးဖို့အတွက်လည်း မမီတော့ ဘူးဗျ။ မနှစ်က ၁ဝနှစ်ပြည့်ဆိုတော့ ကျွန် တော် လုပ်ဖို့ကျိန်းသေလို့ လေးလလောက် ကြိုပြီး ဦး ထုပ်လေးတွေ စီ စဉ်တယ်။ ဒီနှစ်ကတော့ လုပ်ဖြစ်ဖို့ကို ရက်၂ဝလောက် မှကပ်ပြီး စဉ်းစားလိုက်တာ ဆိုတော့ ဘာမှ မစီစဉ်ဖြစ်တော့ဘူး။ ကျွန်တော့်ပိုးကလည်း မွေးနေ့ နီးလာတော့ ရှိုးကလည်း လုပ်ချင် တယ်လေ။
မွေးနေ့အမှတ်တရ ရှိုးဆိုပေမယ့် ရှိုးပွဲက စီးပွားရေးဆန်တယ်လို့ ပြောကြတဲ့ အပေါ် ကိုရော ဘာများပြောချင်ပါလဲ။
ကျွန်တော့်ရှိုးပွဲအတွက် ရေရှည် လုပ်ဖို့အတွက်ကျတော့ မျှတတဲ့ စီးပွားရေး ဆန်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်ပွဲကုန်ကျစရိတ်က တော်တော် များများရှိပါတယ်။ တစ်ခါတလေလည်း ကျွန်တော် မြတ်တာမျိုး ရှိသလို၊ ရှုံးတာတွေ လဲ ရှိတယ်။ မြတ်ရင် နောက်ပွဲတွေ ကျွန် တော် လုပ် နိုင်တယ်။ ကျွန် တော် အ များကြီးအရှုံး ခံပြီး လုပ် လိုက်တယ် ဆို ရင် ကျွန်တော်လည်း တတ်နိုင် မှာ မဟုတ်ဘူး။ ဒီနှစ် ကျွန်တော် သိန်း ၇ဝဝ ရှုံးတယ်ထားဦး၊ နောက်နှစ်မှာလည်း ကျွန်တော် သိန်း
၇ဝဝ ထပ်ရှုံး မယ်ဆိုရင် ကျွန်တော်လည်း နောက် ဘယ်လုပ်နိုင်တော့မလဲ။အဲဒါ ဆိုရင် ပရိသတ်တွေလည်း မကြည့်ရတော့ ဘူး။ ကျွန်တော် သတ်မှတ်ထားတာ တော့ အကောင်းဆုံးဖျော်ဖြေမယ်၊ အကောင်း ဆုံး တင်ဆက်မယ်။ ၉ဝဝဝ နဲ့ရောင်းမယ်၊ ၉ဝဝဝနဲ့တန်အောင် ကျွန်တော် အကောင်း ဆုံး တင်ဆက်မယ်။
လက်မှတ်ဝယ်မယ့် ပရိသတ်တွေအတွက် အဆင်ပြေအောင် ဘယ်လိုစီစဉ်ထားလဲ။
အဲဒါကတော့ဗျာ နှစ်တိုင်း ကျွန် တော့်ပရိသတ်တွေကို တန်းစီပြီးဝယ်အောင် စနစ်တကျလုပ်ပေးပါတယ်။ ဒီနှစ်ကတော့ ငါးနာရီမှာ တံခါးစဖွင့်မယ်။ ခြောက်နာရီ မှာ ပွဲစမယ်၊ ၁၁နာရီမှာ ပွဲပြီးမယ်။ အဲဒီ တော့ ပရိသတ်တွေ အဆင်ပြေအောင် လေး နာရီလောက်ကတည်းက လာခဲ့ဖို့ ဖိတ်ခေါ် ချင်ပါတယ်။
ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။
သုသော်ဒီ - TheFlowerNews

မှတ်ချက်များ