ခေတ်စားလာသည့် ရွှေနှင့်လုပ်သည့် အတွင်းခံအကျီများ (သတင်း ဓာတ်ပုံ)





တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ရှန်ဇီးခရိုင်မှာ ဧပြီ ၂ ရက်က ကျင်းပတဲ့ ဖက်ရှင်ရှိုးမှာ ရွှေနဲ့ လုပ် ထားတဲ့ အထည်တွေကို မော်ဒယ်တွေက ၀တ်ဆင် ပြသခဲ့ပါတယ်။

ဒီပွဲမှာ အမျိုးသား မော်ဒယ်တဦးက ရွှေ ၃ ကီလို ဂရမ်နဲ့ ချုပ်ထားတဲ့ အင်္ကျီကို ၀တ်ဆင်ပြီး ပြသခဲ့ပါတယ်။

ဒါအပြင် အမျိုးသမီး မော်ဒယ်၂ ဦးကလည်း တမူထူးခြားတဲ့ ရွှေ ၁.၅ ကီလိုဂရန်နဲ့ ချုပ်ထားတဲ့ အတွင်းခံ အင်္ကျီတွေကို ၀တ်ဆင်ပြသခဲ့ပါတယ်။

ဒီအင်္ကျီ ၃ ထည်ကို ပန်းတိမ်ပညာရှင် ၃၀ လောက်က ၃ လ အချိန်ယူချုပ်ခဲ့ရတာ ဖြစ်ပါတယ်။

DVB

မှတ်ချက်များ