အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ၀ိတ်ချနိုင်ခဲ့သူ


အမေရိကန် ပြည်ထောင်စု၊ အော်ရီဂွန် ပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ အ၀လွန်မှုကြောင့် အသက်ရှင်ဖို့ စိုးရိမ်လောက်တဲ့ အနေ အထားမျိုး ရှိခဲ့ပေမယ့် လက်ရှိ အချိန်မှာတော့ အံ့အားသင့် ဖွယ်ကောင်း လောက်အောင် ၀ိတ်ချနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အသက် (၂၄) နှစ်အရွယ်ရှိ အမ်ဘာ ဟာ (၆၅၇)ပေါင် အထိရှိပြီး ၀ိတ်မချပါက အသက် (၃၀)နှစ်မှာ သေဆုံးသွား နိုင်တယ်လို့ ဆရာဝန်တွေက သတိပေးခဲ့ ပါတယ်။

အမ်ဘာဟာ အ၀လွန်မှုကြောင့် အသက် (၁၆)နှစ်အရွယ် ကတည်းက အသားစတွေ အောက်ကို တွဲလန်းကျနေခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အ၀လွန်မှုက ပိုမိုလာခဲ့ တာကြောင့် ၀ိတ်ချမှု ပြုလုပ်ခဲ့ရာ တစ်နှစ်အတွင်းမှာ ပေါင် (၃၅၀)ကျော်လောက်အထိ လျှော့ချနိုင်ခဲ့ပါတယ်။ အမ်ဘာက ၀ိတ်ချရာမှာ အခက်အခဲ မျိုးစုံ တွေ့ခဲ့ကြောင်း၊ အချို့အချိန်တွေမှာ ခွဲစိတ်မှုပြုလုပ်ရ တာကြောင့် အလွန် နာကျင်ကြောင်း၊ ထို့ပြင် မျှော်လင့်ချက်မဲ့သည့် နေ့ရက်များ ကိုလည်း ဖြတ်သန်းခဲ့ ရကြောင်း ဟြေကြားခဲ့ပါတယ်။

အမ်ဘာက အစားအစာစားရာမှာ အခက်အခဲများစွာရှိ နေကြောင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအ စာကို ရွေးချယ်နေရ သဖြင့် မပျှော်မရွှင်ဖြစ်ခဲ့ ရကြောင်း ဆိုခဲ့ပါတယ်။ အမ်ဘာဟာ အသက် ဆုံးရှုံးရမယ့် အချိန်ကို သိပြီးတဲ့နောက် ၀ိတ်ချမှု ပြုလုပ်ရာမှာ စိတ်ဓာတ် ကြံ့ခိုင်မှုကို မြင်တွေ့ခဲ့ရကြောင်း မိခင်ဖြစ်သူက ဆိုခဲ့ပါတယ်။ အမ်ဘာဟာ နောက်ထပ် ကိုယ်အလေးချိန် လျှော့ချမှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပေမယ့် ယခင်ကထက် ထက်ဝက်နီးပါး လျှော့ချနိုင်ခဲ့ တာကြောင့် ကျေနပ်စရာကောင်းတဲ့ အနေအထား တစ်ခုကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။

messenger

မှတ်ချက်များ