အိပ်ပျော်ရင်း လမ်းလျှောက်ခဲ့ တာကြောင့် (၅)ထပ်တိုက်ပေါ်က ပြုတ်ကျ





တရုတ်နိုင်ငံမှာရှိတဲ့ အသက် (၁၂) နှစ် အရွယ် ကောင်ကလေး တစ်ဦးဟာ အိပ်ပျော်ရင်း လမ်းလျှောက်ခဲ့ တာကြောင့် ငါးထပ် တိုက်ပေါ်က ပြုတ်ကျခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ပြုတ်ကျစဉ်မှာ အောက်မှာ ကားရှိနေ တာကြောင့် အသက်သေဆုံးခြင်း မရှိဘဲ ဒဏ်ရာသာ ရရှိသွား ခဲ့ပါတယ်။ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ ကတော့ သားဖြစ်သူဟာ အိပ်ပျော်နေရင်း ယောင်ပြီး လမ်းလျှောက်ခဲ့ တာကြောင့် ပြတင်းပေါက်က ထွက်ကျ သွားတာ ဖြစ်နိုင်ကြောင်း ဟြေကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ နန်ချန် မြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ ကတော့ စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာ တိုက်နဲ့ မျက်နှာချင်းဆိုင်မှာ ဟိုတယ် တစ်ခုရှိပြီး ကလေးငယ်တိုက်ပေါ်က ပြုတ်ကျ ပြီးနောက် ကားပေါ်ကျသွားတဲ့ အသံကို ဧည့်ကြို ကောင်တာမှ အမျိုးသမီး တစ်ဦးက ကြားခဲ့တာ ဖြစ်ပြီး ဖြစ်ပွားပုံ အသေးစိတ်ကို ဟြေကြားခဲ့ ပါတယ်။ အဆိုပါ အမျိုးသမီးက မိမိအနေဖြင့် ကျယ်လောင်တဲ့ အသံကြောင့် အပြင်ကို ထွက်ကြည့် ခဲ့ကြောင်း၊ ဒီနောက် ကလေးငယ်ဟာ ကားပေါ်ကို ရောက်နေတာတွေ့ ရပြီး သွေးတွေလည်း ထွက်နေ ခြင်းကြောင့် မိမိအနေဖြင့် ဆေးရုံ ကားခေါ်ပေးခဲ့ကြောင်း၊ ကလေးငယ် အနေနဲ့ ပြုတ်ကျစဉ်မှာ ကားမရှိပါက သေဆုံးသွား နိုင်ကြောင်း ဟြေကြားသွားခဲ့ ပါတယ်။

ဒီနောက် ကလေးငယ်ကို တာဝန်ရှိသူတွေက အရေးပေါ် ကုသမှုတွေ ပြုလုပ်ပေးခဲ့ပြီး ခြေထောက် ဒဏ်ရာရရှိခဲ့ တာက လွဲပြီး စိုးရိမ်စရာ မရှိကြောင်း သိရပါတယ်။ ကလေးငယ်ရဲ့ဖခင် ဖြစ်သူက မည်သို့ ပြုတ်ကျသည်ကို မသိသော်လည်း အိပ်နေရင်း လမ်းလျှောက်မိ တာကြောင့် ပြတင်းပေါက်ကထွက်ကျ သွားတာ ဖြစ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကား ပိုင်ရှင် အတွက် ကတော့ ၀မ်းနည်းစရာ ဖြစ်ခဲ့ပြီး ကားအပေါ်ပိုင်းဟာ လုံးဝ ပျက်စီးသွားခဲ့ပါ တယ်။ ဒီကားကို ပြီးခဲ့တဲ့ ခြောက်လလောက် ကမှ ၀ယ်ယူခဲ့ တာကြောင့် ပိုပြီးဝမ်းနည်းစရာ ဖြစ်ခဲ့ပြီး အာမခံကုမ္ပဏီ ကနေ လျော်ကြေးရဖို့ တောင်းဆို သွားဖွယ် ရှိကြောင်း သိရပါတယ်။

messenger

မှတ်ချက်များ