အသက် (၁၃၅) နှစ် နေထိုင်သွား ခဲ့တဲ့ အဘွားအို


ဥဇဘက်ကစ္စတန်မှာ ရှိတဲ့ အဘွားအို တစ်ဦးဟာ အသက် (၁၃၅) နှစ်အထိ နေထိုင်သွားခဲ့ တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပြီး ဒီအတိုင်းသာ မှန်ကန်နေပါက အသက်ကြီးဆုံး နေထိုင်နိုင်ခဲ့တဲ့ အမျိုးသမီး အဖြစ် စံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ တင်ရှိ ထားတဲ့ စံချိန်ထက် (၁၃) နှစ်လောက်ပိုကြီးနေ တာကြောင့် မှန်ကန်မှုရှိ မရှိ ဂင်းနစ် စံချိန်ပြုစုရေး အဖွဲ့က စုံစမ်းလေ့လာမှု တွေပြု လုပ်နေတယ်လို့ သိရပါတယ်။ နိုင်ငံကူး လက်မှတ်နဲ့ မွေးစာရင်း မှာတော့ အဘွားအိုဟာ (၁၈၈၀) ပြည့်နှစ်၊ ဇူလိုင် (၁) ရက်မှာ မွေးဖွားခဲ့ တယ်လို့ ဖော်ပြထား ပါတယ်။ လက်ရှိ စံချိန် တင်ထား တာကတော့ ပြင်သစ်နိုင်ငံက အဘွားအို ဂျင်နီ ကာလ်မက် ဖြစ်ပြီး၊ အသက်(၁၂၂) နှစ်အထိ နေထိုင်သွားခဲ့ပြီး၊ ၁၉၉၉ မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ယူဆိုပိုဗာဟာ အသက် (၁၃၅)နှစ်ရှိ နေပြီလို့ သူ့ရဲ့မိတ်ဆွေတွေက ပြောကြားခဲ့ပြီး၊ ယခုတစ်ပတ် အတွင်း သေဆုံးသွားခဲ့တယ်လို့ ဆိုထား ပါတယ်။ လက်ရှိ အသက်ကြီးဆုံး အဘွားအို ဖြစ်တဲ့ အသက် (၁၁၇)နှစ်အ ရွယ် ဂျပန်နိုင်ငံက အဘွားအို အိုဆာကာ သေဆုံးတဲ့ ရက်သတ္တပတ်နဲ့ တူညီ နေခြင်းကလည်း ထူးခြားတယ် လို့ ပြောရမှာ ဖြစ်ပါတယ်။ ယူဆိုပိုဗာရဲ့ အသုဘ အခမ်းအနားကို မြို့တော် ကောင်စီ အကြီးအကဲ တက်ရောက်ခဲ့ပြီး၊ အသက် (၁၃၅) နှစ်ဖြစ်တယ် ဆိုတာကို သက်သေပြဖို့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိ နေကြောင်း ဆိုခဲ့ ပါတယ်။

မြို့တော် ကောင်စီ အကြီးအကဲက မိမိတို့ ဥဇဘက်ကစ္စတန် နိုင်ငံဟာ လူဦးရေ သန်း (၃၀) ခန့်သာရှိပြီး ကျန်းမာပျော်ရွှင်ဆုံး နိုင်ငံ ဖြစ်ကြောင်း၊ နိုင်ငံအတွင်းမှာ အသက် (၁၀၀) နှစ်နှင့် အထက် (၈၇၀၀)ဦး အထိရှိကြောင်း ဆက်လက်ဆိုခဲ့ ပါတယ်။ ယူဆိုပိုဗာ အကြောင်းကိုလည်း မှတ်တမ်း ဇာတ်ကား အဖြစ် ရိုက်ကူးမှု ပြုလုပ် ထားတယ် လို့ ဆိုထား ပါတယ်။ ယူဆိုပိုဗာက အသက်ရှည်ချင်ပါက ရိုးသားစွာ အလုပ် လုပ်ရမည်ဖြစ်ကြောင်း၊ မိမိသည် စစ်ပွဲပေါင်း များစွာကို ကြုံခဲ့ ဖူးကြောင်း၊ ယနေ့ခေတ်မှာ စစ်ပွဲများ မရှိသောကြောင့် ကံကောင်းကြောင်း ပြောကြားခဲ့ ပါတယ်။

messenger

မှတ်ချက်များ