အဆုံးစီရင်မှုဆိုင်ရာ သုတေသန အချက်အလက်များကို Germanwings တွဲဖက်လေယာဉ်မှူး ရှာဖွေဖတ်ရှုခဲ့
ပြင်သစ်တောင်ပိုင်းတွင် ပျက်ကျခဲ့သည့် Germanwings ခရီးသည်တင် လေယာဉ်မှ တွဲဖက်လေယာဉ်မှူး သည် လေယာဉ် ပျက်မကျမီ ရက်ပိုင်းအလိုက မိမိကိုယ်ကို အဆုံးစီရင်မှုဆိုင်ရာ သုတေသန စစ်တမ်းများကို ဖတ်ရှုခဲ့သလို လေယာဉ်မှူးအခန်း တံခါးကိုလည်း လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
Germanwings ခရီးစဉ်အမှတ် 9525 လေယာဉ်သည် မတ်လ၂၄ ရက်က စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှ ဂျာမနီနိုင်ငံ၊ ဒူဆန်ဒေါ့ဖ်မြို့သို့ ပျံသန်းစဉ် ပြင်သစ်တောင်ပိုင်း၊ အဲ့လ်ပ်စ်တောင်တန်း ဒေသ၌ ပျက်ကျခဲ့သည်။ အဆိုပါ လေယာဉ်ပျက်ကျမှုတွင် တွဲဖက် လေယာဉ်မှူး အန်ဒရက်စ် လူဘစ်ဇ်က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ခဲ့ကြောင်း ယူဆစရာ အခြေအနေများ ရှိခဲ့သည်။
ဧပြီ ၂ ရက်တွင် ဂျာမနီ အစိုးရ ရှေ့နေများ ထပ်မံတင်သွင်းလာသည့် အချက်အလက်များအရ လူဘစ်ဇ် သည် လေယာဉ်ကို ထိုးစိုက်ချခဲ့သည်ဆိုသော အယူအဆကို ပိုမိုခိုင်မာလာစေသည်။ လူဘစ်ဇ်၏ တိုက် ခန်းထဲတွင် တွေ့ရှိရသည့် Tablet ကွန်ပျူတာ၏ အင်တာနက် ရှာဖွေမှု မှတ်တမ်းများအရ ၎င်းသည် မိမိ ကိုယ်ကို အဆုံးစီရင်မှုနှင့် ပတ်သက်သော သုတေသန အကြောင်းအရာများကို ဖတ်ရှုထားကြောင်း တွေ့ ရှိရသည်။
Airbus A320 လေယာဉ်မှ ပြန်လည်ရရှိသည့် အသံဖမ်း မှတ်တမ်းကိရိယာအရ လူဘစ်ဇ်သည် လေယာဉ် မှူးကို အခန်းအပြင်ဘက် ပထုတ်ပြီး လေယာဉ်မှူးခန်းကို မောင်ပိုင်စီးခဲ့သည်ဟု ယုံကြည်ရသော အခြေ အနေ ရှိနေသည်။ ဒူဆန်ဒေါ့ဖ်မှ အစိုးရ ရှေ့နေများက အသက်(၂၇)နှစ်ရှိ လေယာဉ်မှူးအခန်း တံခါး၏ အလုပ်လုပ်ပုံနှင့် ပတ်သက်သော အချက်အလက်များကိုလည်း အင်တာနက်မှ ဖတ်ရှုခဲ့ကြောင်း ဒူဆန်ဒေါ့ဖ် မှ အစိုးရ ရှေ့နေများက ပြောကြားခဲ့သည်။
မာဆေးလ်မှ ပြင်သစ် အစိုးရ ရှေ့နေ တစ်ဦးဖြစ်သော ဘရိုက်စ်ရော်ဘင်ကမူ လူဘစ်ဇ်သည် လေယာဉ်နှင့် တောင်စောင်းတို့ ဝင်တိုက်သည့် နောက်ဆုံး အချိန်ပိုင်းလေးထိ အသက်ရှင်နေဆဲ၊ အသိမြဲနေဆဲ ဖြစ် သည်ဟု အခိုင်အမာ ယုံကြည်ရကြောင်း မှတ်ချက်ပြုခဲ့သည်။ ထို့အပြင် လေယာဉ်၏ မူမမှန်သော ပျံသန်း မှုကို အချက်ပြ သတိပေးသည့် ဥဩသံကိုလည်း လူဘစ်ဇ်က ပိတ်ပင်ရန် အားထုတ်ခဲ့သေးကြောင်း ၎င်းက အသံသွင်း မှတ်တမ်းပါ အချက်အလက်များကို ကိုးကား ပြောဆိုသွားသည်။
7day

မှတ်ချက်များ