လိင်ကျွန် အမျိုးသား ၄ ယောက်နဲ့ အတူ ပြန်လည် ထွက်ပေါ်လာတဲ့ ရင်သား ၃ ခုနဲ့ အမျိုးသမီး


တတိယမြောက် ရင်သားတစ်ခု ကို ပေါင် ၁၂၀၀၀ အကုန်ကျခံပြီး ခွဲစိတ် တပ်ဆင်ခဲ့တဲ့ အမျိုးသမီး အကြောင်းကို အားလုံးကြားခဲ့ပြီးကြပါပြီ။ အခုတစ်ကြိမ်မှာတော့ ထို အမျိုးသမီးဟာ သူမနောက်မှာ အမျိုးသား ၄ယောက်ကို မျက်နှာဖုံး စွပ်စေပြီး ခွေးတွေလိုဆွဲခေါ်လာတဲ့ ဗီဒီယိုနဲ့ အတူ အောင်မြင်မှု ရလာခဲ့ပြန်ပါပြီ။

သူမကိုယ်သူမ Jasmine Tridevil လို့အမည်ပေးထားတဲ့ အသက် ၂၁ နှစ် အရွယ် Alisha Hessler ဟာ အားကစား သုံးနေကာမျက်မှန်နဲ့ လယ်သာ ဘုဒ် ဖိနပ်ကို ၀တ်ဆင်ထားပြီး သူမ အနောက်က ခွေးတွေလို လည်ပတ်နဲ့ ဆွဲခေါ်လာတဲ့ လိင်ကျွန် အမျိုးသား ၄ ယောက်ကတော့ လယ်သာ မျက်နှာဖုံးတွေ ၀တ်ဆင်ထားပါတယ်။

ထိုဗီဒီယိုကို တော့ မိုဘိုင်းဖုန်းကင်မရာတစ်လုံးနဲ့ ရိုက်ကူးထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖလော်ရီဒါပြည်နယ် တန်ပါမြို့မှာနေထိုင်တဲ့ Alisha ဟာ ထိုကဲ့သို့ ရင်သား ၃ ခု ရှိလာရန် ခွဲစိတ် တပ်ဆင်ဖို့ ဆရာဝန် အယောက် ၅၀ ခန့်နှင့် တိုင်ပင်ခဲ့ပြီး အမည်မဖော်လိုသူ ဆရာဝန်တစ်ယောက်ကသာ လက်ခံပြီး ခွဲစိတ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ သူမရဲ့ မိဘတွေကတော့ ထိုခွဲစိတ်မှု ပြီးကတည်းက သူမကို စကားမပြောတော့ဘူးလို့ သိရပါတယ်။

Credit : http://www.mirror.co.uk/news/world-news

မှတ်ချက်များ