ပရိသတ်တွေ မျှော်လင့်စောင့်စား နေကြတဲ့ 4 MINUTE အဖွဲ့ဟာဆိုရင်ဖြင့် 471 လေယာဉ်နဲ့အတူ (၃.၄.၁၅ ) ရက်နေ့ည ၁၀ နာရီ ၂၅ မိနစ်မှာ ရန်ကုန်လေဆိပ်သို့ရောက်ရှိပြီး ညဆယ့်တစ်နာရီ မှာ တော်ဝင်ဂါးဒန်းဟိုတယ်ကို ရောက်ရှိခဲ့ပါတယ်။ ယနေ့( ၄.၄.၁၅ ) ရက်နေ့ တော်ဝင်ဂါးဒန်း ဟိုတယ်မှာ နေ့လည် ၃ နာရီ မှ ၅ နာရီထိ 4MINUTE အဖွဲ့ရဲ့ Fan Bash Live in Myanmar press Conference ကို 4 MINUTE ရဲ့ Fan တွေ ၊ မီဒီယာသမားတွေ စုံလင်စွာနဲ့ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။
ပရိသတ်တွေလွန်စွာ တောင့်တမျှော်လင့်နေကြတဲ့ 4 MINUTE အဖွဲ့မှပါဝင်သူ Nam Ji-Hyun ၊ Heo Ga – Yoon ၊ Jeon Ji-Yoon ၊ Kim Hyun-a နဲ့ Kwon So-Hyun တို့ဟာ press conference ကို ရောက်ရောက် ချင်းမှာပဲ တစ်ဦးချင်းစီ မြန်မာလို နှုတ်ခွန်းဆက် စကားပြောကြားပြီး ဖျော်ဖြေပွဲနဲ့ပတ်သက်တဲ့ စိတ်ခံစား
တွေ၊ မြန်မာပြည်ရောက်ရှိတဲ့ စိတ်ခံစားချက်များကို ပြောပြခဲ့ကြတာကတော့ "ကျွန်မတို့မနေ့ညက မြန် မာနိုင်ငံကို စတင်ရောက်ရှိပြီး ရန်ကုန်လေဆိပ်ကို စတင်ရောက်ရှိတဲ့ အချိန်မှာတင် လှိုက်လှိုက်လှဲလှဲ အားပေးကြတဲ့ မြန်မာပရိသတ်တွေကိုမြင်ရတဲ့အတွက် မနက်ဖြန် sဖျာ်ဖြေမဲ့ပွဲအတွက်လဲ အားအရမ်းရှိပါ တယ်။ မြန်မာနိုင်ငံကို ထပ်ခါထပ်ခါ လာရောက်ဖျော်ဖြေနိုင်ဖို့လဲ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံမှာ ခုလို တစ်ဖွဲ့တည်း သီးသန့်လာရောက်ဖျော်ဖြေခွင့်ရတဲ့ စိတ်ခံစားချက်ကတော့ concert တစ်ခုလုပ်ဖို့စီစဉ်နေ တဲ့အချိန်မှာ မြန်မာပြည်က ပရိသတ်တွေက 4 MINUTE ကို အရမ်း အားပေးနေကြတာကိုတွေ့ရတော့ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်"လို့ ပြောပြသွားပါတယ်။
မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ပရိသတ်များကို ပထမဦးဆုံးတွေ့ဆုံရတဲ့ စိတ်ခံစားချက်ကိုလည်း သူတို့က "နဂိုကတည်းကလဲ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ဆန္ဒရှိခဲ့ပါတယ်။ အဲ့ဒီလိုဆန္ဒရှိနေတဲ့အချိန်မှာ လာရောက် ဖျော်ဖြေဖို့အတွက်ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် အရမ်းဝမ်းသာပါတယ်။ ပြီးတော့ သိပ်မ ကြာသေးခင်ကမှ Album အသစ်လဲ ထုတ်ထားတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ဒီအယ်ဘမ်နဲ့ပတ်သက် တဲ့ ဖျော်ဖြေမှုတွေကိုလဲ သေချာ လေ့ကျင့်ထားတာမို့လို့အများကြီး လာရောက်အားပေးကြဖို့အတွက် မျှော်လင့်မိပါတယ်။ ဒီတစ်ခေါက် ပွဲမှာတော့ တစ်ဦးချင်စီရဲ့ ဖျော်ဖြေမှုလေးတွေ ရှိသွားမှာဖြစ်တဲ့အတွက် ပရိသတ်ကြီးက တစ်ဦးချင်းစီဖျော်ဖြေပေးမဲ့ အစီအစဉ်လေးကိုလဲ အားပေးကြဖို့မျှော်လင့်မိပါတယ်"တဲ့။
မြန်မာနိုင်ငံမှာ သွားရောက် လည်ပတ်ဦးမဲ့ နေရာများနဲ့ပတ်သက်ပြီးတော့လဲ "အခု ကျွန်မတို့ရန်ကုန် ကိုရောက်လာတာဖြစ်တဲ့အတွက် မဖြစ်မနေသွားကြတဲ့ ဗိုလ်ချုပ်ဈေးကို တတိယမြောက်နေ့မှာ အချိန်ရ မယ်ဆိုရင် သွားရောက်ပြီး လေ့လာကြည့်ရှုဖို့အတွက်စီစဉ်ထားပါတယ်"လို ပြောတဲ့အပြင် မြန်မာနိုင်ငံ အကြောင်းကို စတင်သိရှိခဲ့တဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး တော့လဲ" မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့နေ ရာတွေကနေ တစ်ဆင့်အစကတည်းကနေ လာရောက်လည်ပတ်ချင်နေတာပါ။

ဒါ့အပြင် 4MINUTE အဖွဲ့ရဲ့ အမာခံပရိသတ်တွေကနေ တစ်ဆင့်အမြဲတမ်း sms တွေကနေပြီး အားပေးနေတဲ့ စာတွေပို့ပေးနေတဲ့အ တွက် တစ်ခေါက်မဟုတ် တစ်ခေါက်တော့မြန်မာနိုင်ငံမှာ လာရောက်ပြီး ဖျော်ဖြေဖို့အတွက် အစီအစဉ်ရှိ လာတယ်။ ပိုပြီးသိရှိလာပါတယ်။ Fan တွေနဲ့တွေ့ဆုံ ဖို့ကိုတော့ အခုထိသေချာတော့ မသိသေးပေမဲ့ မြန်မာတို့ဖျော်ဖြေမှုကို လာရောက် အားပေးကြတဲ့ အပေါ်မူတည်ပြီး ပြင်ဆင်ကောင်းပြင်ဆင်နိုင်ပါတယ်"လို့ ဆိုသွားပါတယ်။
ခင်ဆွေသက် - Trend Myanmar
ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ