အမျိုးသားတစ်ဦး ဝမ်းဗိုက်ထဲ ကြက်ဥပြုတ်ကဲ့သို့သော အလုံးကြီး တစ်ခုတွေ့ရှိ


အသက် ၆၂ နှစ်ရှိ အမျီုးသားတစ်ဦး ကိုယ်ထဲ ဧရာမကြက်ဥပြုတ် တစ်လုံးတွေ့ရှိခဲ့တယ်။ ဒီဥဟာ ဆီးအိမ်ပေါ် ဖိထားပြီး ဆီးခဏခဏ သွားချင်အောင် ဖြစ်စေခဲ့ပါတယ်။

ဆေးရုံသို့သွားပြကာ နှစ် ၂၀ ကျော်ကြာ မကြာခဏ ဆီးသွားလိုချင်နေခဲ့တဲ့အကြောင်း ညည်းညူ ပြော ဆိုခဲ့ပြီးနောက် ဆရာဝန်တွေကနေ သူ့ခန္ဓာကိုယ်ကို စစ်ဆေးပြီး ဆေးနမူနာတွေ ဓာတ်ခွဲခန်းပို့ စစ်ဆေး ခဲ့ပေမယ့် ဘာမှ မတွေ့ရှိခဲ့ရပါဘူးတဲ့။

ဝမ်းဗိုက်ကို ကွန်ပျူတာ စကင်ဖတ်စစ်ကြည့်ရာမှာ ဆီးအိမ်ပေါ်ဖိနေတဲ့ အလုံးကြီးတစ်ခု တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဝမ်းဗိုက်ထဲ ကင်မရာတစ်လုံး ထိုးသွင်းပြီး အသေအချာ စူးစမ်းရှာဖွေကြည့်ရာမှာ အလုံးကြီးတစ်လုံး တွေ့ရှိခဲ့ တာပါ။ အဲဒီအလုံးရဲ့ အလျား ၁၀ စင်တီမီတာနဲ့ အနံ ၇.၅ စင်တီမီတာ ရှိပြီး လိမ္မော်သီး အကြီးတစ်လုံးထက် ပိုလေးကာ ၂၂၀ ဂရမ် ရှိတယ်လို့ ဆိုပါတယ်။

ဒီအလုံးမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ စုပေါင်းထားတဲ့ အရာလို့ ယူဆကြောင်း ဆရာဝန်တွေက ဆိုပါတယ်။ အူမ အမှေးပါးထဲ ဗိုက်သားအိတ် အဆီတွေ လုံးထွေးနေတဲ့အခါ အမျှင်လေးတွေ စုစုပြီး အလုံးကြီးဖြစ်လာကာ ထုံးဓာတ်ကြောင့် မာကျောလာတာလို့ ဆရာတွေက ယူဆထားပါတယ်။

ဒီလုံးကြီး ခွဲစိတ် ဖယ်ထုတ်ပြီး နောက်ပိုင်း ဆီးခဏခဏ သွားချင်တာတွေ မဖြစ်တော့ကြောင်း ယင်းအမျိုး သားက ပြောဆိုခဲ့တယ်။


ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ