မီတာ ၁၅၀၀ ရေကူးပြိုင်ပွဲ ပန်းဝင်ခဲ့တဲ့ အသက် ၁၀၁ နှစ်အရွယ် အဘွားအို
ဂျပန်နိုင်ငံက အဘွားအိုတစ်ယောက်ဟာ အသက် ၁၀၁ နှစ်ပြည့်ခါနီးပြီဖြစ်ပေမယ့် ၁၅၀၀ မီတာရေကူးပြိုင် ပွဲမှာ ပန်းဝင်အောင်ရေကူးပြီစံချိန်ချိုးလိုက်ပြီဖြစ်ပါတယ်။ အသက် တစ်ရာကျော်အရွယ်တွေထဲမှာ ၁၅၀၀ မီတာအကွာအဝေးကို ပထမဆုံးရေကူးပြနိုင်တဲ့ သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
၂၅ မီတာကျယ်ဝန်းတဲ့ ပြိုင်ပွဲဝင်ရေကူးကန်ထဲမှာ ၁၅၀၀ မီတာပြည့်ဖို့ ၁ နာရီ၊ ၁၅ မိနစ်နဲ့ ၅၄ စက္ကန့် ကြာအောင် အဘွားအို မီကိုနာဂါအိုကာ ကူးခပ်ခဲ့ရပါတယ်။ စံချိန်ချိုးနိုင်ခဲ့တဲ့ နာဂါအိုကာရဲ့ စွမ်းဆောင်မှုကို ဂင်းနစ်စံချိန်ဝင်ဖို့ အဆိုပြုထားပါတယ်။ ဒီအဘွားအို နာဂါအိုကာကို ၁၉၁၄ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါ တယ်။ အသက်တစ်ရာကျော်လာပြီဖြစ်ပေမယ့်လည်း အပတ်စဉ် ရေကူးတဲ့လေ့ကျင့်ခန်းကို အမြဲလုပ်ဖြစ်နေ တယ်လို့ အဘွားအိုနာဂါအိုကာက ပြောပြပါတယ်။
‘‘ အသက် ၁၀၅ နှစ်လောက်အထိ နေရဦးမယ်ဆိုရင် အဲဒီအချိန်ကျရင်လည်း ၁၅၀၀ မီတာကိုပန်းဝင်အောင် ကူးချင်ပါသေးတယ်’’ လို့ အဘွားအို နာဂါအိုကာက ပြောပါတယ်။ သူမလိုပဲ အသက် ၁၀၀ နဲ့ ၁၀၄ နှစ်အ ရွယ် တန်းတွေကြား ရေကူးပြိုင်ပွဲဝင်ခဲ့တဲ့ မီယာဇာကီဆိုသူကတော့ မီတာ ၁၀၀ ကို ၂၉.၈၃ စက္ကန့်နဲ့ ပန်းဝင်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
Planet Myanmar

မှတ်ချက်များ