ဗြိတိန်ဆယ်ကျော်သက်များမှာ IS အဖွဲ့ကို ပေါ့ပ်အသည်းစွဲများဟု မှတ်ယူနေဟု ဆို


ဗြိတိန်ဆယ်ကျော်သက် ရာကျော်လောက်ကို အစ္စလာမ်မစ်နိုင်ငံတော်(IS) အကြမ်းဖက်စစ်သွေးကြွတွေက သိမ်းသွင်းနိုင်ခဲ့တာဟာ ဒီဆယ်ကျော်သက် လူငယ်တွေကို IS အဖွဲ့ကို သူ့တို့ လေးစားအားကျရတဲ့ ပေါ့ပ်အ သည်းစွဲ နာမည်ကြီးတွေကို မှတ်ယူထားလို့ ဖြစ်ကြောင်း ဗြိတိန်ရဲ့ ထိပ်သီးမွတ်စလင် ၀ါရင့် ရှေ့နေ နာဇီ ယာအက်ဖ်ဇယ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတွင်းက ဆယ်ကျော်သက်တွေ အခုလိုသိမ်းသွင်းခံနေရတာနဲ့ ပက်သက်လို့ ရှေ့နေအက်ဖ်ဇယ်က ဘာ သာရေးစစ် ဆင်နွှဲနေတဲ့ ဂျီဟတ်ဖြစ်ဖို့ စွဲလန်းရူးသွပ်နေမှု ( Jihadimania ) ဆိုတဲ့ စကားလုံးနဲ့ တင်စား သုံးနူန်းခဲ့ပြီး ပြဿနာက ထင်တာထက်တောင် နက်ရှိုင်းနေတယ်လို့ ဆိုပါတယ်။ “ ဗြိတိန်က လူငယ်အချို့က ဂျီဟတ်စစ်သားတွေ ဖြစ်ချင်နေသလို မိန်းမပျိုလေးတွေကလည်း ဂျီဟတ်တွေနဲ့ အတူနေချင်စိတ်တွေ ပြင်းပြ နေပါတယ်။ ဂျီဟတ်တွေဟာ သူတို့အတွက် ဘီတဲလ်အဖွဲ့လို၊ အခုခေတ် အနေအထားနဲ့ ပြောရင်တော့ ဂျက်စတင်ဘီဘာ၊ ၀မ်းဒါရိုက်ရှင်တို့လိုပဲ ဖြစ်ပါတယ်။ ဂျီဟတ်တွေကလို ဒီလိုဖြစ်လာစေဖို့ လူသိများကျော် ကြား မှုဆိုတာကို အသုံးချပြီး လူငယ်တွေကို ချဉ်းကပ်ကြပါတယ်။ အဲဒီမှာတင် ဗြိတိန်ဆယ်ကျော်သက်တွေ ဟာ သူတို့ကို ကိုးကွယ်တဲ့ အဆင့်အထိ ကျဆင်းသွားပါတော့တယ်။

တကယ်က သူတို့ဟာ ဂျီဟတ်တွေရဲ့ အသုံးချခံ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူတွေပဲ ဖြစ်ပါတယ်။ သူတို့ ကို မိသားစု၊ သူငယ်ချင်းတွေနဲ့ ခွဲထုတ်ပြီး နောက်ဆုံးမှာ သူတို့အဖွဲ့အတွက် ထာဝရ အသုံးပြုဖို့ ခေါ်ယူသွား မှာပဲ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ သူတို့ဘ၀ကိုယ် သူတို့ စိတ်ပျက်စရာကောင်းနေတယ်လို့ ထင်နေတာဟာ လည်း ဂျီဟတ်တွေအတွက် စည်းရုံးရလွယ်စေတဲ့ အချက်တစ်ခု ဖြစ်နေပါတယ်။” လို့ အက်ဖ်ဇယ်က ပြော ကြားခဲ့ပါ တယ်။ အက်ဖ်ဇယ်ဟာ မကြာသေးခင်ကပဲ အင်္ဂလန်အနောက်မြောက်ပိုင်းမှာရှိတဲ့ ခရောင်းတရားရုံးအဖွဲ့ကနေ နုတ်ထွက်ခဲ့ပါတယ်။

 ဗြိတိန်ရဲအဖွဲ့တွေဟာ ဆီးရီးယားမှာရှိတဲ့ အကြမ်းဖက်သမားတွေနဲ့ ပက်သက်ခဲ့တယ်လို့ သံသယရှိမှုနဲ့ အသက် ၂၀ ကျော် လူငယ် ငါးဦးနဲ့ မိန်းမပျိုတစ်ဦးကို မကြာသေးခင်က ထိန်းသိမ်းခဲ့ပါတယ်။ ရှေ့နေ အက်ဖ်ဇယ်က အကြမ်းဖက်မှု တန်ပြန်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ ပြည်တွင်းက ရဲအဖွဲ့နဲ့ လုံခြုံရေး အဖွဲ့တွေအပေါ်မှာပဲ မှီခိုနေတဲ့အတွက် ၂၀၀၅ ဇူလိုင် ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ လန်ဒန်မြို့က အရပ် သားတွေ ကို အစ္စလာမ်မစ် အကြမ်းဖက်သမားတွေက ဗုံးခွဲတိုက်ခိုက်မှုမျိုး ထပ်ဖြစ်လာမှာ စိုးရိမ်တယ်လို့ ဆိုခဲ့ပါတယ်။

ဆီးရီးယားကို သွားပြီး ပြန်လာတဲ့ ဆယ်ကျော်သက်တွေဟာ မိခင်နိုင်ငံအတွက်တော့ နောက်ထပ် လူ ငယ်တွေကို ထပ်စည်းရုံးနိုင်ဖို့ တပ်သားသစ်တွေ ဖြစ်လာသလို ဆီးရီးယားနဲ့ ချိတ်ဆက်ပြီး နိုင်ငံတွင်းမှာ ဆက်ရှိနေတဲ့ လူငယ်တွေဟာလည်း ချိန်ကိုက်ဗုံးတစ်လုံးလို အန္တရာယ်ကြီးတယ်လို့ အက်ဖ်ဇယ်က ထပ်မံ သုံးသပ်ခဲ့ပါတယ်။

Planet Myanmar

မှတ်ချက်များ