လက်ရှိအစိုးရသက် တမ်းလေးနှစ်တာကာလအတွင်း ပြည်သူလူထုများနိုင်ငံရေးတွင် ပါဝင်ခွင့်ရလာခြင်း သည် ငြင်းဆို မရသည့် နိုင်ငံရေးဖြစ်ထွန်းမှုတစ် ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ဧပြီ ၃ ရက်တွင် ပြောကြားသော ရေဒီယိုမိန့်ခွန်း၌ သမ္မတ က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ယခင်က လဆန်း၁ ရက်တွင် ရေဒီယိုမိန့်ခွန်းပုံ မှန်ပြောကြားလေ့ရှိပြီး ယခုလ တွင် ၃ ရက်မှသာ ပြောကြားခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတက ထိုကဲ့ သို့ ပြောကြားသော်လည်း လက် ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ များနှင့် အခြေခံဥပဒေပါအ ချက်များကြောင့် ပြည်သူလူထု အားလုံး နိုင်ငံရေးတွင် ပါဝင်ခွင့်ရလာသည် ဆိုခြင်းမှာ မှန်ကန်မှုမရှိကြောင်းနိုင်ငံရေး အသိုင်းအ၀ိုင်း မှ ပုဂ္ဂိုလ်အချို့က ဝေဖန်ပြောကြားသည်။
‘‘သူတို့တွေက တစ်ခုခုဆို အရင် စစ်အာဏာရှင်ခေတ်ကနဲ့ နှိုင်းနှိုင်းပြီး ပြောလေ့ရှိတယ်။ ပြည် သူတွေ တကယ်ပဲနိုင်ငံရေးမှာ ပါဝင်ခွင့်ရှိ၊ မရှိဆိုတာ အခြေခံ ဥပဒေပါ အချက်တွေကို ကြည့်တာနဲ့တင် သိသာတယ်။ အခုချိန်ထိ ပြည်သူ တွေက သမ္မတကို တိုက်ရိုက်ရွေး ကောက်ခွင့်ရှိလား၊ နောက်ဆုံး ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုတောင် ပြည်သူတွေက တိုက်ရိုက်ရွေး ကောက်ခွင့်ရှိလို့လား။ ဒီအချက် တွေကို ကြည့်တာနဲ့တင် သူပြော တဲ့စကားတွေက မမှန်ဘူးပေါ့’’ဟု နိုင်ငံရေးသုံးသပ်ဆောင်းပါးများ ရေးသားသူ စာရေးဆရာ စည်သူ အောင်မြင့်က ပြောသည်။
သမ္မတစနစ်ကျင့်သုံးသော နိုင်ငံအများစုတွင် သမ္မတအား ပြည်သူလူထုက တိုက်ရိုက်ရွေး ကောက်ခွင့်ရှိသော်လည်း မိမိတို့ နိုင်ငံတွင် ထိုကဲ့သို့ ရွေးကောက်ခွင့်မရှိသည့်အပြင် အောက်ခြေအုပ် ချုပ်ရေးအဖွဲ့အစည်းများကိုပါ တိုက်ရိုက်ရွေးကောက်ခွင့်မရှိခြင်း သည် ပြင်ဆင်သင့်သည့် အချက် များဖြစ်ကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။
လက်ရှိနိုင်ငံရေးအခြေအနေ သည် တိုးတက်ဖြစ်ထွန်းမှု ရရှိနေ ပြီး ထိုကဲ့သို့ တိုးတက်ဖြစ်ထွန်းမှု များ ဆက်လက်ရရှိနိုင်ရေးအ တွက် ပြည်သူအားလုံး ပါဝင် ဆောင်ရွက်ရန် လိုကြောင်းလည်း သမ္မတက ပြောသည်။
မကြာမီကဖြစ်ပွားခဲ့သော လက်ပံတန်းအရေးကိစ္စနှင့် ပတ် သက်၍ ဆန္ဒပြသော နည်းလမ်းကိုကျင့်သုံးခဲ့ သဖြင့် စိတ်မကောင်း၊ ၀မ်းနည်းဖွယ်ရာကိစ္စများဖြစ်ပွား ခဲ့ရပြီး ယင်းဖြစ်ရပ်သည် သည်းခံနိုင်စွမ်းရှိခြင်းဆို သည့်ကိစ္စရပ်ကို အ နေဝေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။
အဆိုပါရေဒီယိုမိန့်ခွန်းတွင် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်၊ ကိုးကန့်ဒေသ အရေးကိစ္စ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အောင်တံခွန်ရေ ယာဉ်နစ်မြုပ်မှု၊ တပ်မတော်နေ့ နှင့် ပတ်သက်သော ကိစ္စရပ်များ အစရှိသည်တို့ကို ထည့်သွင်းပြော ကြားသွားသည်။
7Day
7Day

မှတ်ချက်များ