စွမ်းအင်ဝန်ကြီး ဌာနက ဌာနဆိုင်ရာများသို့ ရောင်းချသော ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းများကို ဧပြီ ၃ ရက်မှစ၍ လျှော့ချပေးမည်ဟု သတင်းရရှိသည်။
လက်ရှိရောင်းချနေသော ဈေးနှုန်းများကို စွမ်းအင်ဝန်ကြီးဌာနက ဓာတ်ဆီတစ်ဂါလန်ကျပ် ၃,၃၅၀ မှ ကျပ် ၂,၉၀၀ သို့ လည်းကောင်း၊ ဒီဇယ်တစ်ဂါလန်ကျပ် ၃,၅၀၀ မှ ၃,၀၀၀ သို့လည်းကောင်းလျှော့ချပေးမည် ဖြစ်သည်။
‘‘နောင်တွင်လည်း ပြည်တွင်းစက်သုံးဆီဈေးကွက် တည်ငြိမ် ရေးအတွက် ကမ္ဘာ့ရေနံဈေးနှုန်းအပြောင်းအလဲ အပေါ် မူတည် ကာ သတ်မှတ်သော ဈေးနှုန်းမူဝါ ဒရေးဆွဲရေး ဆက်လက်ဆောင်ရွက်သွားပါမယ်’’ဟု စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဖေဇင်ထွန်းက ဆိုသည်။
မြန်မာရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းကို ပြည်ပကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူး ပေါင်းဆောင်ရွက် ကာ ပြည်တွင်း စက်သုံးဆီဈေးကွက်ကို ယှဉ်ပြိုင်ရောင်းချမည်ဟု ၎င်းက ဆိုသည်။
‘‘အစိုးရက ဈေးလျှော့ရောင်း ချပေမယ့် ပုဂ္ဂလိကအတွက်တော့ အကျိုးသက်ရောက်မှု မရှိနိုင်ပါ ဘူး။ အခုအပြင်စက်သုံးဆီဈေး နှုန်းကလည်း ကျနေတာပဲ’’ဟု လက်လီရောင်းချနေသည့် ဒီဇယ်၊ ဓာတ် ဆီရောင်းချသူတစ်ဦးက ဆို သည်။ ဧပြီ ၂ ရက်ရှိ ပြင်ပဈေး ကွက်တွင် ဓာတ်ဆီဈေးနှုန်းကျပ်၃,၂၀၀၊ ဒီဇယ်ဈေးနှုန်းကျပ် ၂,၆၀၀ ရောင်းချနေပြီး ယခုလျှော့လိုက်သော ဈေးနှုန်းမှာ ပုဂ္ဂလိကဈေးနှုန်းထက် အနည်းငယ်မြင့်နေသေးသည်။
7Day

မှတ်ချက်များ