အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးကို Nanjing က မွေးစား မိဘနှစ်ပါးမှ စောင့်ရှောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်တုန်းက ကောင်လေးရဲ့ကျောင်းဆရာ/ဆရာမတွေဟာ ကလေးအပေါ် မတရားနှိပ်စက်မှုရှိတယ် ဆိုတာ တွေ့ရှိခဲ့ပေမယ့် အဲဒီအချိန်တုန်းက မတော်တဆမှု တစ်ခုခုကြောင့်အထင်နဲ့ အရေးတယူ ဆောင် ရွက်ခဲ့ခြင်းမရှိခဲ့ပါဘူး။
မကြာသေးမီက ဒီကလေးရဲ့ ဆရာ/ဆရာမတွေကပဲ ထပ်ပြီး ကလေး ခန္ဓာကိုယ်တစ်ခုလုံးမှာ အမာရွတ် လောလော လတ်လတ်တွေ တွေ့ရှိခဲ့တဲ့အပြင် အဲ့ဒီကလေးဟာ လူတွေအနား ကပ်လာမှာကိုလည်း ထိတ်လန့်နေခဲ့တယ်လို့ သတိပြုမိခဲ့ကြပါတယ်။ ကျောင်းအနေနဲ့ အဲဒီလို ညှဉ်းပန်းနှိပ်စက်ခံရခြင်း အကြောင်းအရင်း သိဖို့ ကြိုးပမ်းခဲ့ပေမယ့် အကြောင်း မထူးဖြစ်ခဲ့ပါတယ်။
ကောင်လေးမိဘတွေက သူကို ရေပိုက်တွေနဲ့ ရိုက်၊ ခြေထောက်ကို ရေခိုးငွေ့နဲ့ လောင်စေပြီး သူ့မျက်နှာ ကိုလည်း ဘောလ်ပင်နဲ့ အကြိမ်ကြိမ်ထိုးခဲ့ကြောင်း အမည်ဖော်ပြခြင်း မရှိတဲ့ ဒေသသတင်းမီဒီယက ဖော်ပြခဲ့ပါတယ်။
Nanjing Morning Post သတင်းအဆိုအရ မွေးစားမိဘတွေဟာ ပညာတတ်တွေဖြစ်ပါတယ်။ တစ်ဦးက စာနယ်ဂျင်းတစ်မားဖြစ်ပြီး နောက်တစ်ဦးက ဥပဒေပညာရှင်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ယခုအချိန်မှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်မှု ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
Trend Myanmar

မှတ်ချက်များ