ပြန်လည်တွဲခုတ်နေကြတဲ့ Jennifer Lawrence နဲ့ Chris Martin
လမ်းခွဲလိုက်ကြပြီလို့ သတင်းတွေ ထွက်ခဲ့တဲ့ ဟောလီးဝုဒ်မင်းသမီး Jennifer Lawrence နဲ့ Coldplay အဖွဲ့ရဲ့ အဆိုတော် Chris Martin တို့ နှစ်ယောက်ဟာ Easter အားလပ်ရက်မှာ နယူးယော့ခ်မြို့တော် ပန်းခြံအတွင်း အတူတကွ တွေ့လိုက်ရတဲ့အတွက် ပြန်လည် တွဲခုတ်နေကြတယ်လို့ ထင်စရာ ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက သူတို့၂ယောက်ရဲ့ အချစ်ရေးကို လူသိရှင်ကြား ထုတ်ပြောခဲ့တဲ့ Jennifer Lawrence တို့ စုံတွဲဟာ နယူးယော့ခ် မြို့တော် ပန်းခြံအတွင်းက စားသောက်ဆိုင်တစ်ဆိုင် အတွင်းမှာ နေ့လည်စာ အတူစားခဲ့ပြီးတဲ့နောက် ပန်းခြံထဲမှာ အတူလမ်းလျှောက် ထွက်ခဲ့တယ်လို့ သိရပါတယ်။
သူတို့ နှစ်ယောက်ဟာ Beatle အဖွဲ့ဝင်ကြီး John Lennon အတွက် အမှတ်တရ စတော်ဘယ်ရီ စိုက် ခင်းအတွင်းက လမ်းဖြတ်လျှောက်ခဲ့ပြီးတဲ့နောက် သူတို့စုံတွဲကို စောင့်နေတဲ့ ကားဖြင့် Carlyle ဟိုတယ်ကို ပြန်သွားခဲ့ကြတယ်လို့ သိရပါတယ်။
နောက်တစ်ရက်မှာ သူတို့ စုံတွဲဟာ နယူဂျာစီမှာရှိတဲ့ Teterboro လေဆိပ်ကနေ တစ်ဆင့် မတူညီတဲ့ လေ ယာဉ်တွေနဲ့ အတူ နယူးယော့ခ်က ထွက်ခွာခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ နှစ် ယောက်ကို ဇန်န၀ါရီ ၃၁ ရက်နေ့မှာပြုလုပ်တဲ့ Harry Styles ရဲ့ မွေးနေ့ပွဲမှာ အတူတကွ တွေ့ခဲ့ရပြီးတဲ့နောက် ဒါဟာ ပထမဆုံးအ ကြိမ် ပရိသတ်တွေရှေ့မှာ တွဲပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။
Trend Myanmar

မှတ်ချက်များ