၁၅ နှစ်လောက် ကမ္ဘာလှည့် ခရီးသွားတွေကို မလွှမ်းမိုးနိုင်ခဲ့တဲ့ ဗြိတိန်နိုင်ငံ ဂရိတ်တာ မန်ချက် စတာ ပြည် နယ် Stockport မြို့ မှာရှိတဲ့ ဦးထုပ်လုပ်ငန်း ပြတိုက် တစ်ခုဟာ အရှေ့တိုင်း ကလာရောက်တဲ့ တရုတ် TV Documentary ရိုက်ကူးမှု အပြီးမှာ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင် လိုက်နိုင်ပါတယ်။ ထို ပြတိုက် ဟာ ပိုးထည်စက်ရုံ တစ်ခုရဲ့ နေရာမှာ အသွင်ပြောင်း တည်ဆောက် ခဲ့ တာဖြစ်ပြီး ထိုစက်ရုံမှာ ကမ္ဘာတစ် ၀ှမ်းက ဦးထုပ်ပေါင်း ၄၀၀ ကျော်ကို ပြသ ထားတယ်လို့ သိရပါတယ်။
ထို ပြတိုက်ဟာ အမှန် တစ်ကယ်တော့ Stockport မြို့ ရဲ့ မြို့ ပြယုဂ် တစ်ခုလည်းဖြစ်ပြီး လိဂ်ပြိုင်ပွဲတွေမှာ မ၀င်ထားတဲ့ အလွတ်တန်း Stockport ဘောလုံးအသင်း ကိုလည်း အတိုကောက် အမည် အဖြစ် “The Hatters” လို့ခေါ်ဝေါ် ခဲ့ကြ ပါ တယ်။ ထိုပြတိုက် ဖွဲ့ ဖြိုးရေး အဖွဲ့ ရဲ့ ခေါင်းဆောင်ဖြစ်သူ Cllr Patrick McAuley ဟာ မြို့ ရဲ့ အောင်မြင်မှုဟာ သူတို့နဲ့ မဆိုင်ပါဘူးလို့ ဆိုပေမယ့်လည်း သူတို့ ပြတိုက်ကြောင့် Stockport ကိုလာရောက် လည်ပတ် သူ များပြား လာတာကိုတော့ လက်ခံကြရမှာပဲဖြစ်ပါတယ်။
Crdit : http://www.mirror.co.uk/news

မှတ်ချက်များ