Ellanora Baidoo ဟုခေါ်သော Brooklyn သူနာပြုနှင့် Victor Sena Blood-Dzraku တို့သည် Facebook ရှိ ကိုယ်ပိုင် message box မှ တစ်ဆင့် ကွာရှင်း ခဲ့ကြပါသည်။ နေ့စဉ်သတင်းအရ ထိုစုံတွဲသည် ၂၀၀၉ ခုနှစ် မှ စ၍ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ နှစ်ဦးစလုံးသည် Ghana ဒေသမှဖြစ်ကာ သူတို့နှစ်ဦးရဲ့ ပြဿ နာ အက်ကြောင်းသည် Ghana ရိုးရာ မင်္ဂလာပွဲ ကျင်းပမည်ဟု ကတိပေးပြီး ကတိပျက်ခဲ့ရာမှ စတင် ခဲ့ တာ ဖြစ် ပါတယ်။
Mr Blood Dzraku ဟာ သူ့ဇနီးကို ဖုန်းနှင့် Facebook တို့မှသာ ဆက်သွယ်ခဲ့ပြီး သူပေး ထားသော လိပ် စာတွင် ရှိမနေခဲ့သောကြောင့် ယခုလို ကွာရှင်းကြောင်းကို Facebook မှတစ်ဆင့် အကြောင်း ကြားပါလို့ တရားရုံးက အမိန့်ချ ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးနေထိုင်ခဲ့တဲ့ လိပ်စာမှာ ၂၀၁၁ ခုနှစ်မှ လိပ်စာဖြစ်ပြီး ဘယ်လို နည်းနဲ့မှ ဆက်သွယ်၍ မရခဲ့တာကြောင့် အမျိုးသမီးဟာ ဖုန်းဆက် သွယ် ခဲ့ပါတယ်။ သို့ရာ တွင် ခေါ် ဆို ၍ မရခဲ့သောကြောင့် Facebook မှ တစ်ဆင့် ကွာရှင်းကြောင်း အကြောင်း ကြားခဲ့ ရ တာ ဖြစ် ပါတယ်။
Credit : http://news.sky.com

မှတ်ချက်များ