ယာ​မွတ်​စခန်း​ထဲ​က ဒုက္ခ​သည်​တွေ ထွက်ပြေး​နေရ

ယာမွတ်စခန်းထဲ လူတွေ တစ်သောင်း ရှစ်ထောင်လောက် ပိတ်မိ နေဆဲ ဖြစ်။
ဆီးရီးယား နိုင်ငံ ဒမတ်စ်ကပ်စ် မြို့တော် က ပါလက်စတိုင်း ဒုက္ခသည် တွေ အခြေချရာ ယာမွတ် စခန်း ထဲ က လမ်းတွေ ပေါ် မှာ တိုက်ပွဲတွေ ရက် အတန်ကြာ ဖြစ်ခဲ့ပြီး တဲ့နောက် အရပ်သား တွေ ရာနဲ့ ချီပြီး ထွက်ပြေး လာနိုင်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ယာမွတ် စခန်း ထဲကို အစ်စလာမ်မစ် လက်နက်ကိုင် IS တွေ ဝင်ရောက် လာခဲ့ပြီး စခန်းကို ခုခံ ကာကွယ် ကြတဲ့ ပါလက်စတိုင်း တွေနဲ့ တိုက်ခိုက် နေခဲ့ ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း တွေ အတွင်း စခန်းထဲ က ပါလက်စတိုင်း ဒုက္ခသည် တွေ ရာနဲ့ချီပြီး ထွက် ပြေး နေခဲ့ ကြတာက၊ တနဂင်္နွေ နေ့ ကလည်း နောက်ထပ် ၉၀ ကျော် လွတ်မြောက် လာတယ် ဆိုပြီး ကုလသမဂ္ဂ ဝန်ထမ်း တွေ က ပြောပါတယ်။

ဒါပေမယ့် ယာမွတ် စခန်း ထဲမှာ လုပေါင်း ၁ သောင်း ရှစ်ထောင် လောက် ပိတ်မိ နေဆဲ ဖြစ်နိုင်တယ် လို့ ခန့်မှန်း ရပြီး၊ စားနပ် ရိက္ခာ နဲ့ သောက်ရေ အကြီးအကျယ် ပြတ်လပ် နေပါတယ်။

BBC Burmese

မှတ်ချက်များ