ကမ္ဘာကျော် ရော့ခ်တီးဝိုင်း တစ်ခုဖြစ်တဲ့ Bon Jovi အဖွဲ့မှ ဂစ်တာ သမားဟောင်း Richie Sambora ဟာ သူရဲ့ရည်းစားဟောင်းလည်းဖြစ်သလို စီးပွားရေး လုပ်ဖော်ကိုင်ဖက်ဟောင်းလည်းဖြစ်တဲ့ Nikki Lund ကို သတ်ဖြတ်ရန် ခြိမ်းခြောက်ခဲ့သည်မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်ပါတယ်။
“ကျွန်တော့်ရဲ့ အမှုသည်ကို စွပ်စွဲထားတဲ့ ပြစ်ချက်တွေဟာ မှားယွင်းနေပါတယ်။ ဒါဟာ ရိုးရှင်းပြီး အကျိုးအ
မြတ်မရှိတဲ့ တွဲဖက် လုပ်ကိုင်မှုတစ်ခုအပေါ်ရဲ့ မစ္စတာ Sambora ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ထွက်ပေါ်လာတဲ့ စွပ်စွဲမှုပဲဖြစ်ပါတယ်။” လို့ Sambora ရဲ့ ရှေ့နေကဆိုပါတယ်။
Sambora ဟာ လက်ရှိမှာ ဇနီးသည်ဟောင်း Heather Locklear နဲ့ သမီးငယ် Ava တို့ကို ခေါ်ယူပြီး Bora Bora ကို အားလပ်ရက် ခရီးထွက်နေကြတာဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Ava ဟာ သူမရဲ့ ကျောင်းကနေ ပညာသင်ဆု ၁၁ ခု ရရှိခဲ့တဲ့အတွက် မိဘတွေက ဂုဏ်ပြုပေးနေကြတာပဲဖြစ်ပါတယ်။
Nikki Lund ကတော့ Sambora က သူမကို သတ်ဖြတ်ရန် ခြိမ်းခြောက်ခဲ့တယ်လို့ဆိုကာ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာပဲဖြစ်ပါတယ်။ Nikki ရဲ့ ပြောကြားချက်အရတော့ Sambora က သူမကို တွင်းတစ်တွင်း တူးပြီး အရှင်လတ်လတ် မြေမြှုပ်သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ ၂ ယောက် ပူးပေါင်းပြီး လုပ်နေတဲ့ စီးပွားရေး လုပ်ငန်းမှာလည်း Sambora က ဒေါ်လာ ၅ သန်းခန့် ဆုံးရှုံးခဲ့တဲ့အတွက် ရပ်နားဖို့ ပြောခဲ့သေးတယ်လို့ သိရ ပါတယ်။
Mario - Trend Myanmar

မှတ်ချက်များ