Jamstik+ လို့ခေါ်တဲ့ ဂစ်တာ ကွန်ထရိုလာ (သို့မဟုတ်) စမတ် ဂစ်တာ ထွက်ပေါ်လာ




CES 2013 ပွဲမှာတုန်းက Zivix ဆိုတဲ့ အဖွဲ့တစ်ဖွဲ့က Mac နဲ့ iOS တွေ အတွက်ဆိုပြီး Jamstik လို့ခေါ်တဲ့ ဂစ်တာ ကွန်ထရိုလာ တစ်ခုကို စတင် မိတ်ဆက်ပြသခဲ့ပါတယ်။ သိပ်လူသိ မများခဲ့ပါဘူး။ ဒါပေမယ့် ဒီတစ် ခါမှာတော့ Jamstik+ လို့ခေါ်တဲ့ ဂစ်တာကွန်ထရိုလာ အသစ်တစ်ခုကို ထပ်မံ ထုတ်လုပ်လိုက်ပြန်ပါပြီ။

ဒီ Jamstik+ မှာတော့ ပိုမို အဆင့်မြင့်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်မှာပါ။ Zivix အဖွဲ့ကတော့ ဒီဂစ်တာကို စမတ် ဂစ်တာ လို့ သတ်မှတ် ထားပါတယ်။ ဒီဂစ်တာဟာ ဂိမ်းတစ်ခု မဟုတ်ပါဘူး။ MIDI ကွန်ထရိုလာ တစ်ခုကဲ့သို့ အသုံးပြုနိုင်မှာဖြစ်ပြီး ဂစ်တာကြိုး ဖလက်တံ စတာတွေကို တစ်ကယ့် ဂစ်တာနဲ့ တူအောင် ဖန်တီးထားတာဖြစ်ပါတယ်။

ဒါပေမယ့် Jamstik+ တစ်ခုတည်း တီးခတ်ရုံနဲ့တော့ အသံမထွက်လာနိုင်ပါဘူး။ Mac သို့မဟုတ် iOS တစ်ခုခုတော့ လိုအပ်မှာပါ။ ဖလက်တံကို ခပ်တိုတိုပဲ ထုတ်လုပ်ထားတဲ့အတွက် ပေါ့ပါ့းပြီး သယ်ဆောင် သွားရ လွယ်ကူမှာပါ။

Hexaphonic magnetic pickup ကို သုံးထားတဲ့အတွက် ဂစ်တာကြိုးတွေဟာ တစ်ကယ့်ဂစ်တာကြိုး တွေကဲ့သို့ ခံစားရမှာဖြစ်ပါတယ်။ Bluetooth 4.0 နဲ့ WiFi စနစ်တွေပါဝင်ပေမယ့်လည်း အားသွင်းဖို့နဲ့ PC တွေနဲ့ ချိတ်ဆက်ဖို့အတွက်တော့ USB ကြိုး လိုအပ်မှာဖြစ်ပါတယ်။ Zivix အဖွဲ့ရဲ့ပြောကြားချက်အရတော့ Apple ရဲ့ Bluetooth LE MIDI စနစ်ကို ထောက်ပံ့နိုင်တဲ့ ဘယ် App နဲ့မဆို ပထမဆုံးချိတ်ဆက်နိုင်မယ့် ကွန်ထရိုလာပဲဖြစ်ပါတယ်။

Jam Tutor လို့ခေါ်တဲ့ App ကတော့ Jamstik+ အတွက်ထုတ်လုပ်ထားတဲ့ App ဖြစ်ပြီး Guitar Hero ထက်ပိုမို သဘာဝကျတဲ့ ဂစ်တာကော့ဒ် တွေနဲ့ ပလပ်ကင်တွေကို တီးခတ်တတ်စေရန် လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ