![]() |
| မနှစ် သင်္ကြန်ပုံရိပ်အက |
‘‘မနှစ်ကလည်း အရမ်းကြီး သရုပ်ပျက်တာမဟုတ်ပါဘူး။ ဓာတ်ပုံရိုက်တဲ့သူက အောက်က ပင့်ရိုက်တာရယ်၊ ကကွက်အနေ အထားရယ်ကြောင့် ဆိုးဆိုးရွား ရွားကြီးဝေဖန်ခံခဲ့ရတာ။ ဒီနှစ် တော့ မျက်နှာလောက် ပဲဖော်ပြီး လုံလုံခြုံခြုံကပြမယ်ဆိုတဲ့အချက် ထည့်သွင်းလျှောက်လွှာတင်ခဲ့လို့ မဏ္ဍပ်ဆောက်လုပ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်’’ဟု Grand Royal မဏ္ဍပ်ကိုတာဝန်ယူထားသည့် Stars & Models INT'L မှ Event Manager မအိစုကပြောသည်။
ယခုနှစ် သင်္ကြန်အတွက် Grand Royal မဏ္ဍပ်ကိုကန် တော်ကြီးဥယျာဉ်၊ မျှော်စင်ကျွန်း ၌ မကြာမီစတင်
ဆောက် လုပ် မည်ဖြစ်ပြီး သင်္ကြန်ရက်များ အတွင်း Stars & Models INT'L မှ မော်ဒယ်များအပြင် ထိုင်းနိုင် ငံ မှမော်ဒယ်များလည်း လာရောက် ဖျော်ဖြေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
Stars & Models INT'L မှ Grand Royal မဏ္ဍပ်ကို တာဝန်ယူထားမှုအပိုင်းနှင့်ပတ် သက်၍ အဆိုပါမော် ဒယ်အေဂျင် စီတည်ထောင်သူ ကိုဂျွန်လွင်အားဧပြီ ၄ ရက်က ဆက်သွယ်ခဲ့သော် လည်း မအားလပ်သေး၍ နောက် ရက်မှပြန်လည်ဆက်သွယ်မည် ဟုဖြေကြားသည်။

ပြီးခဲ့သည့် ၂၀၁၄ သင်္ကြန် ကာလတွင် ရန်ကုန်တိုင်းဒေသ ကြီးရှိ ရေကစားမဏ္ဍပ်နှင့်ဖျော်ဖြေရေးမဏ္ဍပ် ၉၀ ကျော်မှ မဏ္ဍပ်၃၀ ကျော်ကို မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီသည့် သောက်စားမူးယစ်ပြီး သရုပ်ပျက်အပြုအမူ များဆောင်ရွက်ခဲ့မှုဖြင့် အမည်ပျက်စာရင်းသွင်းခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသ ကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက Grand Royal မဏ္ဍပ်ကို အမည် ပျက်သွင်းထားပြီး နောင်နှစ်များ တွင် ရှိုးပွဲနှင့်မဏ္ဍပ်ဆောက်လုပ် ခွင့်များ ခွင့်ပြုတော့မည်မ ဟုတ်ကြောင်း ယမန်နှစ်ကပြောကြားခဲ့သည်။
ယခုနှစ်သင်္ကြန်ကာလတွင် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း မဏ္ဍပ်ဆောက် လုပ်ခွင့် လျှောက်ထားသူနှစ်ရာ ကျော်အနက် မဏ္ဍပ်အကြီး ၃၄ ခုနှင့် မဏ္ဍပ်အလတ်နှစ်ခုတို့ ခွင့်ပြုပေးထားကြောင်း သတင်းရရှိ သည်။
7Day

.jpg)
မှတ်ချက်များ