Hot တုန်းပဲ ...
မနက်ခင်းတစ်ခုမှာ အိမ်ထောင်သက်နှစ်ပေါင်း ၅၀ ရှိပြီဖြစ်တဲ့ စုံတွဲတစ်တွဲဟာ နံနက်ခင်းစာစားတဲ့ စားပွဲမှာ ထိုင်နေကြပါတယ်။
အဘိုးကြီးက "တို့တွေ အိမ်ထောင်သက်နှစ် ၅၀ ရှိပြီဆိုတာ ပြန်စဉ်းစားကြည့်ပါဦး.. မိန်းမရယ်"လို့ပြော လိုက်ပါတယ်။
အဘွားကြီးက "ဟုတ်ပါ့ရှင်.. လွန်ခဲ့တဲ့နှစ် ၅၀ က ကျွန်မတို့ ဒီခုံမှာ ထိုင်ပြီး နံနက်စာစားခဲ့ကြတာကို ပြန်စဉ်းစားကြည့်ပါဦး"လို့ ပြန်ပြောလိုက်ပါတယ်။
အဘိုးကြီးက "အေးကွာ.. လွန်ခဲ့တဲ့နှစ် ၅၀ က အချစ်ငှက်ကလေး နှစ်ကောင်လို ဒီနေရာမှာကျုပ်တို့ အ၀တ်တွေ ချွတ်ပြီး ထိုင်ခဲ့ကြမှာ"လို့ ပြောလိုက်ပြန်ပါတယ်။
အဘွားကြီးက မိန်းမပျိုလေး အမူအရာနဲ့ ရယ်လိုက်ပြီး "အို.. ဘာပြောတယ်.. ခုရော အင်္ကျီတွေ
ချွတ်နေကြမလား"လို့ မေးလိုက်ပါတယ်။
နှစ်ယောက်သား အ၀တ်ဗလာနဲ့ ထိုင်ခုံမှာ ထိုင်လိုက်ကြပြီးတဲ့နောက် ရင်တုန်တဲ့အသံနဲ့ အဘွားကြီးက "အဘိုးကြီးရေ.. ရှင်သိလား.. ကျွန်မရဲ့ ဒီနေ့ ရင်သားတွေက လွန်ခဲ့တဲ့နှစ် ၅၀ ကလိုပဲ 'hot' နေတုန်းပဲ သိလား"လို့ ပြောလိုက်ပါတယ်။
အဲဒီအချိန်မှာ အဘိုးကြီး ပြန်ပြောလိုက်တာက "အံ့ဩစရာလားကွာ.. မင်းရင်သားတစ်ဖက်ထိပ်ဖျားက ကော်ဖီခွက်ထဲ ၀င်နေတာကိုးကွ"
Myanmar.mmtimes

မှတ်ချက်များ