SquareTrade ဆိုတဲ့အာမခံလုပ်ငန်းကနေ Samsung Galaxy S6 ဟာ iPhone 6 Plus လိုပဲ ကွေးညွှတ် ပျက်စီးနိုင်ကြောင်း စမ်းသပ်ပြထားတဲ့ ဗီဒီယိုဖိုင်ထွက်ရှိလာပါတယ်။ ဒီဗီဒီယိုမှာတော့ ဘယ်လိုစမ်းသပ်ပြ ထားလဲဆိုရင် iPhone 6 Plus ကို ပေါင် ၁၁၀ အလေးချိန်နဲ့ဖိပြီး ကွေးအောင်လုပ် ပါတယ်။
အနည်းငယ်လေးပဲကွေးသယောင်ဖြစ်သွားတာကလွဲလို့ ကျန်တာအားလုံး အကောင်းအတိုင်းကြီးသုံးလို့ ရနေပါသေးတယ်။ နောက်ဆုံး ၁၇၉ ပေါင် အလေးချိန်နဲ့ဖိတဲ့အခါကျမှ ဖုန်းဟာ သုံးမရအောင်ပျက်စီးသွားပါ တယ်။ နောက်ပြီး Samsung Galaxy S6 Edge ကို iPhone 6 Plus ကိုပထမဆုံးစမ်းသပ်သလိုပဲ ပေါင် ၁၁၀ အလေးချိန်နဲ့ဖိပြီးကွေးအောင်လုပ်ပါတယ်။ ဖုန်းကတော့ မကွေးသွားဘူးလို့ထင်ရပေမယ့် ဖုန်းရဲ့ Screen ဘေးတစ်ခြမ်းကတော့ တော်တော်လေးကိုအက်ကွဲသွားပါတယ်။ ပေါင်အလေးချိန်တူတာခြင်း ဖိတာတောင် Samsung Galaxy S6 Edge ကပိုပျက်စီးသလိုဖြစ်နေပါတယ်။
၁၄၉ ပေါင်အလေးချိန်နဲ့ထပ်မံစမ်းသပ်လိုက်တဲ့အခါမှာတော့ ဖုန်းက လုံးဝသုံးမရအောင်ပျက်စီးသွားပါပြီ။ နောက်ဆုံးရလဒ်အရ iPhone 6 Plus ဟာ ပေါင် ၁၇၉ ပေါင်အလေးချိန်နဲ့ကျမှ လုံးဝပျက်စီးသွားပြီး Samsung Galaxy S6 Edge ကတော့ ပေါင် ၁၄၉ ပေါင်မှာ လုံးဝပျက်စီးသွားပါတယ်။ ဒါကတော့ Smartphone ၊ Laptop ၊ Tablet ၊ TV စတဲ့ ပစ္စည်းတွေကိုအာမခံထားနိုင်တဲ့ Company ကနေစမ်းသပ် တာဖြစ်လို့ ဒီစမ်းသပ်ချက်ဟာလွန်တယ်လို့တော့ မဆိုနိုင်ပါဘူး ။
Samsung Galaxy S6/S6 Edge မှာ iPhone 6 Plus ကဲ့သို့ပင် လွယ်ကူစွာကွေးညွှတ်ကြောင်းစမ်းသပ် ချက် ဗီဒီယိုကိုတော့ အောက်မှာဆက်လက်ကြည့်ရှူနိုင်ပါတယ်။
Samsung Galaxy S6/S6 Edge မှာ iPhone 6 Plus ကဲ့သို့ပင် လွယ်ကူစွာကွေးညွှတ်ကြောင်းစမ်းသပ် ချက် ဗီဒီယိုကိုတော့ အောက်မှာဆက်လက်ကြည့်ရှူနိုင်ပါတယ်။
သက်နိုင်စိုး (Myanmar Mobile App Store)

မှတ်ချက်များ